Monday, June 15, 2015

ဒေါက်တာမဟာသီယာက မြန်မာကို အာဆီယံမှ ထုတ်ပယ်ဖို့ တောင်းဆို


မလေးရှားရဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာ မိုဟာမက်က မြန်မာကို Asean အဖွဲ့ကြီးကနေ ထုတ်ပယ်သင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ဘင်ဂလီ - ရိုဟင်ဂျာတွေကို မျိုးတုံးအောင် မြန်မာက လုပ်နေတယ်လို့ မဟာသီယာက စွပ်စွဲပြောဆိုလိုက်ပြီး Asean ရဲ့ ရိုးရာပေါ်လစီဖြစ်တဲ့ non–interference ဝင်ရောက်မစွတ်ဖက်ရေး မူဝါဒကို စွန့်လွတ်ပြီး ဒီအရေးကို ဝင်ရောက်စွတ်ဖက်ပြောဆိုဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စာရေးအကြောင်းကြားပြီး ဘင်ဂလီ ရိုဟင်ဂျာအရေးကို ပြောဆိုဖို့ ပန်ကြားခဲ့ကြောင်း သို့သော် သူမထံမှ ပြန်ကြားခြင်းမရှိကြောင်းလည်း ပြောကြားခဲ့သည်။

မဟာသီယာဟာ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်စဉ်က မြန်မာနိုင်ငံကို Asean ထဲကို ပါဝင်လာအောင် စည်းရုံးခဲ့ပြီး ၁၉၉၇ မှာ မလေးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်မှာ မြန်မာကို Asean အဖွဲ့ဝင်အဖြစ် လက်ခံပေးခဲ့တဲ့ ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List