Friday, June 19, 2015

အမေရိကန်ဒေါ်လာကို အမျိုးသမီးပုံနဲ့ ထုတ်ဝေသွားမယ်


အမေရိကန် ဒေါ်လာ ၁၀ တန်ငွေစက္ကူကို အမျိုးသမီးတဦးရဲ့ ရုပ်ပုံနဲ့ အစားထိုး ထုတ်ဝေသွားဖို့ ရှိတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အဲဒီ အမျိုးသမီး ဘယ်သူဖြစ်မယ် ဆိုတာကို မဆုံးဖြတ်ရသေးကြောင်းနဲ့ ရွေးချယ်ရာမှာ အများပြည်သူတွေရဲ့ တင်ပြမှုတွေကိုလည်း ရယူသွားမှာ ဖြစ်ပြီး အားလုံးပါဝင်ခွင့် ရှိတဲ့ ဒီမိုကရေစီအတွက် ချန်ပီယံတဦးကို ရှာဖွေနေကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန က ပြောကြားပါတယ်။

အခု လောလောဆယ် သုံးနေတဲ့ အမေရိကန် ငွေစက္ကူတွေမှာတော့ ယခင်က လူဖြူအမျိုးသား အမေရိကန် နိုင်ငံရေးခေါင်းဆောင်ကြီးတွေရဲ့ ပုံတွေကိုသာ ပုံနှိပ် ဖော်ပြထားတာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနက ရွေးချယ် ပုံနှိပ်ဖော်ပြမယ့် အမျိုးသမီးရဲ့ ရုပ်ပုံကို လက်ရှိ ဒေါ်လာ ၁၀ တန် ငွေစက္ကူပေါ်မှာ ပါရှိတဲ့ အမေရိကန်ရဲ့ ပထမဆုံး ဘဏ္ဍာရေးဝန်ကြီး Alexander Hamilton ရဲ့ ရုပ်ပုံ နေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။ အဲဒီငွေစက္ကူကို ၂၀၂၀ (ပြင်ဆင်ချက်) ခုနှစ်မှာ စတင် ထုတ်ဝေ သွားမယ်လို့ ဆိုပါတယ်။

ငွေစက္ကူတွေ ပထမဆုံးစတင်ထုတ်ဝေချိန်ကတည်းက ငွေစက္ကူပေါ်က ရုပ်ပုံမျက်နှာတွေကို အပြောင်းအလဲ လုပ်တာ ရှိခဲ့ကြောင်း၊ အခု အသစ် ထုတ်မယ့် ဒေါ်လာ ၁၀ တန်ဟာ ရာစုနှစ်ကျော်အတွင်း အမျိုးသမီးတဦး ရဲ့ ရုပ်ပုံကို ထည့်သွင်းဖော်ပြတဲ့ ပထမဆုံး ငွေစက္ကူဖြစ်တဲ့အတွက် ဂုဏ်ယူ ကြောင်း အမေရိကန် ဘဏ္ဍရေး ၀န်ကြီး Jacob Lew က ပြောကြားပါတယ်။

ယခင်က အမေရိကန်မှာ အမျိုးသမီးတွေရဲ့ ရုပ်ပုံပါတဲ့ ငွေစက္ကူနဲ့ အကြွေတွေ ထုတ်ဝေခဲ့ဖူးပေမယ့် ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။


BBC


No comments:

Post a Comment

My Blog List