Tuesday, June 16, 2015

မြောက်ကိုရီးယားစစ်သားတဦး တောင်ကိုရီးယားဘက် ခိုလှုံ


နှစ်ဘက်စစ်အင်အား အထူအထပ်ချထားတဲ့ တောင်နဲ့မြောက်ကိုရီးယား နယ်စပ်ကို ဖြတ်ပြီး မြောက်ကိုရီး ယား စစ်သားတဦး တောင်ကိုရီးယား နိုင်ငံဘက်ကို ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ် က ဇွန် ၁၅ ရက်နေ့က အတည်ပြု ထုတ်ပြန်ကြေညာပါတယ်။

ဆယ်ကျော်သက်အရွယ် မြောက်ကိုရီးယားစစ်သားဟာ နှစ်နိုင်ငံကြား စစ်မဲ့ဇုန်ကိုဖြတ်ပြီး တောင်ကိုရီးယား စစ်တပ်မှာ လာရောက်ခိုလှုံခဲ့တာဖြစ်ပြီး နယ်စပ်မှာ ပစ်ခတ်ခြိမ်းခြောက်တာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

လောလောဆယ် သူ့ကို တောင်ကိုရီးယားစစ်တပ်က ထိန်းသိမ်းထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မှုတွေကြောင့် မြောက်ကိုရီး ယားနိုင်ငံသား အများအပြား တောင်ကိုရီးယားနိုင်ငံကို လာရောက်ခိုလှုံ သူတွေ ရှိပေမယ့် အများစုက တရုတ်နိုင်ငံကနေတဆင့် လာ ရောက်ခိုလှုံကြ တာပါ။

နှစ်နိုင်ငံနယ်စပ်နဲ့ ကြားကစစ်မဲ့ဇုန်မှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေ အခိုင်အမာ ချထားပြီး မြေမြှုပ်မိုင်းတွေ အထူအထပ်ချထားတဲ့ ဒီနယ်စပ်ကို ဖြတ်ပြီး လာရောက်ခိုလှုံမှုက မရှိသလောက် ရှားပါးပါတယ်။

မြောက်ကိုရီးယားနိုင်ငံသား ၂၈၀၀၀ လောက် နိုင်ငံကနေ ထွက်ခွာလာကြ ပေမယ့် အများစုဟာ တရုတ် နိုင်ငံထဲကိုဝင်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေ ကတဆင့် တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်ခိုလှုံရ တာပါ။

ပြီးခဲ့တဲ့လတွေအတွင်း မြောက်ကိုရီးယားစစ်သားတွေ တောင်ကိုရီးယားနိုင်ငံ ကို ဘက်ပြောင်းခိုလှုံမှု တင်း ကျပ်ဖို့ နယ်စပ်မှာ အစီအမံတွေ လုပ်ခဲ့တယ်လို့ လည်း တောင်ကိုရီးယား အာဏာပိုင်တွေက ယုံကြည် နေကြပါတယ်။

DVB



No comments:

Post a Comment

My Blog List