Wednesday, June 17, 2015

ရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတရေး ဒီချုပ်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ယနေ့ တွေ့ဆုံမည်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲ လွတ်လပ်ပြီး တရားမျှ တရေးအတွက် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ရန် အမျိုးသာဒီမိုက ရေစီအဖွဲ့ချုပ်နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ တွေ့ဆုံဆွေး နွေးမှုတစ်ရပ်ကို ယနေ့ (ဇွန်လ ၁၇) ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၇ ရက်တွင် ရန်ကုန် မြို့ရှိ ဒိုင်းမွန်းကွန်ဒို၌ အရက်ဘက် လူမှုအဖွဲ့အစည်းများနှင့် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံမည်ဖြစ်ကာ ပြည်တွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားလုံးဖိတ်ကြားထားကြောင်း ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောသည်။

‘‘မဲစာရင်းတွေက အရမ်းမှား နေတော့ မဲစာရင်းစိစစ်ရေးတွေ မှာ အရပ်ဘက်အဖွဲ့အစည်းတွေ လည်း ပါပေးဖို့ရယ်၊ နောက် ရွေး ကောက်ပွဲကို စောင့်ကြည့်လေ့ လာမှုတွေ ပြုလုပ်ပေးကြဖို့ကိုလည်း ဆွေးနွေးကြ မှာပါ’’ဟု ၎င်း က ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုကို နံနက် ၉ နာရီတွင် စတင်ပြုလုပ်မည် ဖြစ် ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း များ တွင် အရပ်ဘက် လူမှုအဖွဲ့ အစည်းများအနေဖြင့် ဒီချုပ်နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီနိုင်ရန် အဓိကထား ဆွေးနွေး မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ၏ အကူအညီများစွာ လိုအပ် ကြောင်း ဦးထွန်းထွန်းဟိန်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟို မဲစာရင်းစစ်ဆေးရေးအဖွဲ့သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော မဲစာရင်းများအား မှန်ကန်မှုရှိ၊ မရှိ စိစစ်မှုများပြုလုပ် နေသည်။ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ် မှုများပြုလုပ်ရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏
ပါဝင် ဆောင်ရွက်မှု လိုအပ်နေသည်ဟု ဗဟိုမဲစာရင်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန် က ပြောသည်။

မြန်မာနိုင်ငံ၏အဓိက အ တိုက်အခံပါတီဖြစ်သည့် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင် သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ဝင်ရောက် ယှဉ် ပြိုင်သွားရန် ရှိပြီး အစိုးရဖွဲ့နိုင်ရေးအတွက် ရည်မှန်းထားသည့် ပါတီတစ်ခုလည်း ဖြစ်သည်။

7Day Daily


No comments:

Post a Comment

My Blog List