Friday, June 19, 2015

The Daily Eleven သတင်းစာမှ အယ်ဒီတာ ၁၇ ဦးအား ပြန်ကြားရေး ၀န်ကြီးဌာနက ထပ်ဆင့်တရားစွဲဆိုမှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်မည်


The Daily Eleven သတင်းစာမှ အယ်ဒီတာ ၁၇ ဦးအား ပြန်ကြားရေး ၀န်ကြီးဌာနကထပ်ဆင့်တရားစွဲဆိုမှု နှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ် မည်ဖြစ်သည်။ ဇွန် ၂၀ ရက် (စနေနေ့) မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ Novotel ဟိုတယ် ပုသိမ်ခန်းမ၌ ပြု လုပ်မည်ဖြစ်သည်။

Eleven Media Group မှ ထုတ်ဝေလျက်ရှိသော The Daily Eleven နေ့စဉ်သတင်းစာ၏ အယ်ဒီတာအ ဖွဲ့ဝင် စုစုပေါင်း ၁၇ ဦး အား တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆို ထားခြင်းဖြစ်သည်။

အဆိုပါအမှုအတွက် လျှောက်ထားသူ တရားလိုမှာ ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ် ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး ဖြစ်ကြောင်း သိရသည်။ ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးကျော်စိုး က တရားလိုပြုလုပ်၍ပင် The Daily Eleven သတင်းစာနှင့် Weekly Eleven News Journal တို့မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နှင့် အမှုဆောင်အယ်ဒီတာတို့ စုစုပေါင်း ငါးဦးအား လည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ပုဒ်မ -၅၀၀ ဖြင့် တရားစွဲဆို ထားသေးသည်။

ဇွန် ၂၀ ရက်တွင် ပြုလုပ်မည့်ရှင်းလင်းပွဲသို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ လွှတ်တော်ရေးရာ ကော်မတီအချို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အချို့၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံတမန် များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ INGO/NGO များမှ တာဝန်ရှိသူများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ CSO များမှ တာဝန်ရှိသူများ၊ စီးပွားရေး၊ လူမှုရေး၊ စာပေနှင့် အနုပညာနယ်ပယ်မှ ထင်ရှားသူများ ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၊ မီဒီယာလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စသည်ဖြင့် ဖိတ်ကြားထားကြောင်း သိရသည်။

Eleven Media Group


No comments:

Post a Comment

My Blog List