Thursday, June 18, 2015

ယူ-၂၃ ကိုင်တွယ်ရန် ပစ်စလက်ခတ် တာဝန်ပေးခံခဲ့ရဟု ဦးသန်းတိုးအောင် ပြောကြား


ဆီးဂိမ်းပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃အ သင်းအတွက် ပစ်စလက်ခတ်တာဝန်ပေးခြင်းခံခဲ့ရကြောင်း အသင်းအုပ်ချုပ် သူ ဦးသန်းတိုးအောင်က ဝေဖန်ပြောကြားသည်။ ဇွန်လ ၁၇ရက်က ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာသည့် ဆီးဂိမ်းငွေတံဆိပ် ဆုရ မြန်မာယူ -၂၃ အသင်းအား ပရိသတ် တစ် ထောင်ကျော်က ကြိုဆိုခဲ့ကြပြီးပြိုင်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများ မေးမြန်းရာတွင် အသင်းအုပ်ချုပ်သူဦးသန်းတိုးအောင်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ နှစ်ယောက် ရဲ့ ကစားပွဲကပြီးသွားပြီ။ ဒီတော့ ကျွန်တော်ရော ကိုကြည်လွင်ပါ နုတ်ထွက်မယ်။ ဒီအသင်းကိုတာ ၀န်ယူဖို့အတွက် ပစ်စလက်ခတ် တာဝန်ပေးသလို ခံစားရတယ်။အ ဖွဲ့ချုပ်ဥက္ကဋ္ဌကလွဲပြီးတော့ပေါ့’’ ဟု ဦးသန်းတိုးအောင်က ပြော သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းကို လက်ရွေးစင်နည်းပြအီ ဗရာမိုဗစ်လက်မှ လွှဲပြောင်းရယူခဲ့ ပြီး ပြိုင်ပွဲအချိန်နီးကပ်မှ သာ တာ ၀န်ယူရကာ ထောက်ပံ့မှု အားနည်းခြင်း၊ ယုံကြည်မှု မရှိခြင်းတို့ ကြောင့် တာဝန်ယူ ကိုင်တွယ်ရန်ခွန်အားများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါခွန်အားများက ပြိုင်ပွဲအတွက် အထောက်အကူပြုခဲ့ကြောင်း ၎င်းကပြောသည်။

‘‘အဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြိုင်ပွဲမပြိုင်ခင်ကတည်းက ဆီ မီးဖိုင်နယ်အဆင့်လောက်ပဲမျှော် မှန်းပြီးပြောဆိုခဲ့တယ်။ ဒါကို ကျွန် တော်တို့ ကန့်ကွက်တယ်။ ကျွန် တော်တို့အသင်း ဗိုလ်လုပွဲအထိ ရောက်နိုင်တယ်ဆိုတာ ကြိုသိနေ တယ်။ ထိုင်းကိုမနိုင်ဘူးဆိုတာ တော့အစောကြီးကတည်းကသိ ပြီးသားပါ’’ ဟု ဦးသန်းတိုးအောင် ကပြောသည်။

မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းကို ဆက်လက်တာဝန်ယူ ကိုင်တွယ်ရန် ကမ်းလှမ်းလာပါက စဉ်းစားမည်ဖြစ်ပြီး ဆက်လက်လုပ် ဆောင်ရန် ဦးကြည်လွင်နှင့်တိုင်ပင်ကာဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

မြန်မာယူ-၂၃အသင်းသည်ထိုင်းအသင်းကို ဂိုးပြတ်ရှုံးကာဒုတိယဖြင့်ကျေနပ်လိုက်ရသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသာ ယခုထက်ပိုတောင့်တင်းပြီးအစိုးရ တာဝန်ရှိသူများ ပံ့ပိုးပေးမည်ဆိုပါက အောင်မြင်မှုရရှိလာမည်ဖြစ်ပြီး ထိုင်းအသင်းကို ၁၀ဂိုး ထက်မနည်းပြန်သွင်းယူနိုင်စွမ်းရှိသည် ဟုဦးသန်းတိုးအောင်ကတိုင်းပြည်နိမ့်ကျမှုနေနှင့် နှိုင်းယှဉ်ကာ ပြောကြားခဲ့သည်။

ရန်ကုန်လေဆိပ်တွင် ကြိုဆိုသူများကို နှုတ်ဆက်နေသော ဦးသန်းတိုးအောင် (ဓာတ်ပုံ − နစ်ကီ)

7Day Daily


No comments:

Post a Comment

My Blog List