Thursday, June 18, 2015

၅၉ (စ) မပြင်နိုင်ပါက NLD တွင် သမ္မတ နေရာအတွက် အခက်အခဲရှိ


ပုဒ်မ ၅၉ (စ) မပြင်ဆင်နိုင်ပါက NLD တွင် သမ္မတနေရာအတွက် အခက်အခဲရှိနေပြီး ရွေးကောက်ပွဲဝင်၊ မ၀င်ကိစ္စသည်လည်း စဉ်းစားဆဲ အဆင့် တွင်သာ ရှိနေကြောင်း ယင်းပါတီ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးဉာဏ်ဝင်းက The Messenger Media သို့ပြောကြားသည်။““အဲဒီပြင်ဆင်ချက် နဲ့ ဆိုရင်တောင် အခက်အခဲ ရှိတာပေါ့၊ သမ္မတ နေရာက ပြင်ဆင်ချက်ကလည်း ရွေးကောက်ပွဲလည်းမီဖို့ အကြောင်းမရှိဘူးလို့ ထင်တယ်။ ရှိခဲ့ ရင်လည်း အခြေအနေက သိပ်မကောင်းသေးဘူး။ ပြုပြင် ပြောင်းလဲမှုတော့ ရှိတယ်၊ တိုးတက်မှု ရှိတယ်။ ဒါပေမဲ့ ကျေနပ်လောက်တဲ့ တိုးတက် မှုတော့ မဟုတ်ဘူး”” ဟု ဦးဉာဏ်ဝင်းကဆိုသည်။
NLD တွင်ဒေါ်အောင်ဆန်း စုကြည်မှ လွဲ၍ သမ္မတ နေရာအတွက် စဉ်းစားထားသူ မရှိသေးကြောင်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၀င်၊ မ၀င် ကိစ္စကို ကော်မရှင်မှ ရက်စွဲ အတိအကျ ထုတ်ပြန်ပြီးမှသာ NLD အနေဖြင့် ကြေညာချက် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ဦးညဏ်ဝင်းက ဆိုသည်။

အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲစဉ်က ပုံစံ မူဝါဒအတိုင်း ပြောင်းမည်၊ ဖြည်းဖြည်း ပြောင်းမည် ဟူသော မူဝါဒကိုသာ ဆုပ်ကိုင်ထားကြောင်း၊ ပြည်သူ ကျေနပ်စေရန်နှင့် နိုင်ငံရေး ပါတီများ ကျေနပ်စေရန် ပြောင်းလဲသော နှုန်းမရှိကြောင်း၊ ယခုကဲ့သို့ ပြောင်းလဲနိုင်ရန် မနည်း ကြိုးစားခဲ့ရ ကြောင်း၊ အခြေအနေသည် မကောင်းသေးဟု ပြောဆိုနိုင်ကြောင်း ဦဥာဏ်ဝင်းက ဆိုသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် အဓိကကျသော ပုဒ်မ (၄၃၆) ကို ပြင်ဆင်ရန မသင့်သော အချိန်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။

““ဒါတွေက မပြင်ပေးရင် ဘာလုပ်ရမလဲ ဆိုတာလည်း ကျွန်မတို့မှာ စီစဉ်ထားတာ ရှိသေးတယ်။ ဒီလိုဖြစ်လာမယ် ဆိုတာ နဂိုကတည်းက သိထားပါတယ်။ ကျွန်မတို့က ပြည်သူ့ဆန္ဒကို လေးစားတယ်။ ဒီဟာကိုလည်း ဖြစ်အောင် ကြိုးစားမယ်”” ဟု NLD ပါတီ၏ ပြောခွင့်ရပုဂိ္ဂုလ် ဒေါ်နန်းခင်ထွေးမြင့်က The Messenger Media သို့ပြောသည်။

ပုဒ်မ (၄၃၆) ပြင်ဆင်ရန် အတွက် NLD နှင့် (၈၈) မျိုးဆက်တို့ ပူးပေါင်းကာ ဆန္ဒပြု လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့ရာ ပြည်သူ ငါးသန်းကျော်က ပြင်ဆင်ရန် ဆန္ဒပြု လက်မှတ် ရေးထိုးခဲ့ပြီး ရေးထိုးသည့် အထဲတွင် တပ်မတော်သား တချို့လည်း ပါဝင်ခဲ့သည်။ ဇွန်လ (၁၀) ရက်နေ့ က ပုဒ်မ (၄၃၆) နှင့် (၅၉) (စ) အပါအ၀င် အခြေခံ ဥပဒေပါ အချက် တချို့ ပြင်ဆင်ရန် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

Messenger News Journal


No comments:

Post a Comment

My Blog List