တောင်အာဖရိက တရားရုံးက ဆူဒန် သမ္မတကို တောင်အာဖရိကနိုင်ငံကနေ မထွက်ခွာဖို့ အမိန့်ထုတ်ပြန် လိုက်ပါတယ်။ ဆူဒန်သမ္မတ Omar Al-Bashir ကို နိုင်ငံတကာ တရားရုံးက အလိုရှိနေတာ ဖြစ်ပါတယ်။
Darfur စစ်အတွင်းမှာ သမ္မတက လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ စစ်ရာဇာဝတ် မှုတွေ ကျူးလွန်ခဲ့တယ်လို့ သံသယဖြစ်တဲ့အတွက် အလိုရှိနေတာ ဖြစ်ပါ တယ်။
ဆူဒန်သမ္မတဟာ တောင်အာဖရိကနိုင်ငံမျာ ကျင်းပတဲ့ အာဖရိက သမဂ္ဂ ညီလာခံကို တက်ရောက်တုန်း သူ့နိုင်ငံကို ပြန်ခွင့်မရတော့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ ခုံရုံးက ဘာဆက်လုပ်မလဲ ဆိုတာ မသိရသေးတဲ့အတွက် ဆုံးဖြတ်ချက်တွေ မသိရမချင်း သူ့ကို တောင်အာဖရိကနိုင်ငံမှာပဲ ထိန်းသိမ်း ထားမယ်လို့ သိရပါတယ်။
ABC

No comments:
Post a Comment