ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များကို လူစုလူဝေးဖြင့် အဓိဂရုဏ်း ဖြစ်ပေါ်လာပါ ဖြေရှင်းရမည့် နည်းလမ်းများကိုEU မှ ပို့ချပေးသည့် နည်းစနစ်များဖြင့် သင်တန်းပေး ပို့ချလျက်ရှိသည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“သင်တန်းပေးနေတာတော့ ကြာပြီဗျ။ သင်တန်းပေးတယ်ဆိုတာကလည်း ဒီကလူတွေက ပေးနေတာပါ။ သူတို့က ရန်ကုန်တို့၊ နေပြည်တော် တို့မှာ EU သင်တန်းတွေ သွားတက်တယ်။ အဲဒီလူတွေက ဒီမှာလာသင်တန်းပေး တယ်ပေါ့။ EU က ဒီကို လာပေးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် EU သင်ခန်းစာတော့ ဟုတ်တယ်” ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေမျိုးက နိရဉ္စရာသို့ပြောသည်။
အဆိုပါသင်တန်းကို ရန်ကုန်တွင် EU က ၂ဝ၁၃ ခုနှစ်မှစတင်သင်ကြားပို့ချ ခဲ့ပြီဖြစ်ပြီး ယင်းသင်တန်းအား ရခိုင်ပြည်နယ်မှသွားရောက်သင်ကြားခဲ့သူ များက ရခိုင်ပြည်နယ်ရှိရဲအရာရှိများနှင့်ရဲဝန်ထမ်းများအား ပြန်လည်ပို့ ချနေခြင်းဖြစ်ကာ အချိန်အကန့်အသတ်မရှိသင်ကြားပေးသွားမည်ဟုလည်း ရဲမှူးကြီးက ဆက်ပြောသည်။
သင်တန်းတွင် ရခိုင်ပြည်နယ်တွင်းရှိ ရဲဝန်ထမ်းများအနေဖြင့် ဆန့်ကျင် စုဝေးနေသည့် ပြည်သူများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည့် အခါ ပြည်သူ့ ဗဟိုပြုစနစ်နှင့် လူထုအားဖြေလျှော့နည်းစနစ်များကို ဥရောပသမဂ္ဂ (EU)၏ နည်းစနစ်များအတိုင်း သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကတော့ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ အမှားအယွင်း မရှိအောင်ပေါ့နော်။ သူတို့(EU)ရဲ့ နည်းပညာလေးတွေကို သင်ပေးတာပါ”ဟု ရဲမှူးကြီးနေမျိုးက ဆိုသည်။
ဥရောပသမဂ္ဂ (EU)အနေဖြင့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လေ့ကျင့်သင်ကြား မှုများ၊ လူအုပ်စု သက်ဝင် လှုပ်ရှားမှုနှင့် သဘောတရားများ၊ လူ့အခွင့်အရေး စံနှုန်းများ၊ ဥပဒေ ဆိုင်ရာ အချက်အလက်များ၊ လူစု လူဝေးကိုင်တွယ် ဖြေရှင်းနည်းများ၊ ကြီးကြပ်မှုနှင့် ကွပ်ကဲမှု ဆိုင်ရာ သဘောတရားများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစတင်ကာမြန်မာနိုင်ငံအတွင်းလာရောက်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မြေပုံမြို့နယ်မှ အမည်မဖော်လိုသူရဲဝန်ထမ်းတစ်ဦးက “အဓိကတော့ အားလုံး ကောင်းဖို့ အတွက် သင်တာပဲလေ။ သင်ပေးတဲ့အတွက် ကောင်းတယ်လို့ပဲ ပြောပါရစေ” ဟု သင်တန်းသင်ကြားပေးနေမှု အပေါ် သုံးသပ်ပြောသည်။
မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များအား EU က ယင်းသို့သင်ကြားပို့ချအပြီး ၂ဝ၁၄ ခုနှစ်အတွင်း အမျိုးသား ပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့များအနေဖြင့် EU နည်းစနစ်အတိုင်းဖြိုခွင်းခဲ့မှု အပေါ် လူထုက ဝေဖန်မှုများလည်းရှိခဲ့သည်။
Narinjara
No comments:
Post a Comment