Friday, June 19, 2015

ကမ္ဘာ့ပူနွေးမှုကို လျှော့ချဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


ကမ္ဘာကြီး ပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကာကွယ်ဖို့အတွက် သဘာဝနဲ့ ညီညွတ်တဲ့ လုပ်ငန်း တွေ လုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာကြီး ပူနွေးမှုဟာ လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ လောဘတွေ ကြောင့် ဖြစ်ရတာလို့လည်း ပြောလိုက်ပါတယ်။

ခေတ်မှီ စက်မှုနည်းပညာနဲ့အတူ ဖြစ်ပေါ်လာတဲ့ ရာသီဥတု ပြောင်းလဲမှုတွေ နဲ့ ပတ်သက်ပြီး ပုပ်ရဟန်း မင်းကြီးက ပထမဦးဆုံးအကြိမ် လူသိရှင်ကြား ကြေညာလိုက်တာ ဖြစ်ပါတယ်။

ချမ်းသာတဲ့လူတွေ၊ အစိုးရအသီးသီးအပြင် အကြီးစား စီးပွားရေးတွေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ နေထိုင်ပုံ နေထိုင်နည်းအပြင် လုပ်ကိုင်ဆောင်ရွက်တဲ့ ပုံစံကို ပြောင်းလဲဖို့ပါ တိုက်တွန်းလိုက် ပါတယ်။

လောင်စာဆီ အသုံးပြုတဲ့ နည်းပညာတွေကို တခြား နည်းပညာနဲ့ အစားထိုးဖို့အပြင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ညီညွတ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ချမ်းသာတဲ့ နိုင်ငံတွေ ကူညီကြဖို့ပါ ပြောဆိုထားပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံက ကွန်ဆာဗေးတစ်နဲ့ ရီပါပလေကန် ကိုယ်စား လှယ် တချို့က ဝေဖန်လိုက်ပြီး ပုပ်ရဟန်းမင်းကြီး အနေနဲ့ ဘာသာရေးအကြောင်းကိုသာ ပြောသင့်ပြိး သိပ္ပံနဲ့ နိုင်ငံရေးမှာ ဝင်မစွက်ဖို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ အပါအဝင် သဘာဝအရေး လှုပ်ရှားသူတွေနဲ့ သိပ္ပံပညာ ရှင်တွေက ပုပ်ရဟန်းမင်းကြီးရဲ့ တိုက်တွန်းမှုကို ကြိုဆိုခဲ့ကြပါတယ်။

Climate Council ရဲ့ အကြီးအကဲ Amanda Mckenzie ကတော့ ပုပ်ရဟန်း မင်းကြီးရဲ့ လွှမ်းမိုးမှုက ကြီးမား တဲ့အတွက် အရင်တုန်းက သဘာဝ ပတ်ဝန်းကျင်အကြောင်း စိတ်မဝင်စားတဲ့ လူတွေကပါ အလေးထားပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုမှုကို လိုက်နာ လာနိုင်တယ်လို့ ပြောပါတယ်။

Greenpeace အဖွဲ့ရဲ့ ဒါရိုက်တာ Kuni Naido ကလည်း ပုပ်ရဟန်းမင်းကြီးရဲ့ တိုက်တွန်းချက်ကို ဘာသာ တရား ယုံကြည်သူတွေရော မယုံကြည်သူတွေပါ လိုက်နာသင့်တယ်လို့ ပြောလိုက်ပါတယ်။

WWF အဖွဲ့ရဲ့ ဥက္ကဌ Yolanda Kakabadse ကလည်း ရာသီဥတု ပြောင်းလဲမှု ဟာ သိပ္ပံပညာရှင်တွေနဲ့သာ ဆိုင်တာ မဟုတ်ပဲ လူတွေရဲ့ နေထိုင်မှု၊ကျင့်ဝတ် နဲ့ပါ သက်ဆိုင်တယ်လို့ ပြောပါတယ်။

နိုင်ငံရေးသမားတွေ၊ သိပ္ပံပညာရှင်တွေနဲ့ ဘာသာရေး သမားတွေ အားလုံး စုပေါင်းပြီး ကမ္ဘာ့ ရာသီဥတု အရေး လှုပ်ရှားမှသာ အောင်မြင်နိုင်တာကြောင့် ပုပ်ရဟန်းမင်းကြီးရဲ့ လုပ်ရပ်ဟာ အရှေ့ကို ခြေတစ်လှမ်း လှမ်းတဲ့လုပ်ရပ်ဖြစ် တယ်လို့ ပြောဆိုလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List