Friday, June 19, 2015

စာရေးဆရာမ ရွှေရေးထင်ထင်ကနေ ဇာတ်ညွှန်း ရွှေရေးထင်ထင် ဖြစ်လာတော့မလား


စာရေးဆရာမ ရွှေရေးထင်ထင်ရေးသားထားတဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)က ဗီဒီယိုဇာတ် လမ်း ရိုက်ကူးဖို့အတွက် စီစဉ်နေကြတယ်လို့ သိရပါတယ်။ ရွှေရေးထင်ထင်ဆိုတာလည်း တခြားသူတော့ မဟုတ်။ လူမှုကွန်ရက်စာမျက်နှာထက်မှာ မကြားသေးတဲ့ ကာလ လောက်က တဟုန်ထိုး လူသိများလာတဲ့
စာရေးဆရာမဦးလည်းဖြစ်ပါတယ်။

"ဦးသိန်းဟန်နဲ့ ရွှေရေးနဲ့က ခင်နေတာကြာပါပြီ။ ဟိုးအရင်ကတည်းက ခင်နေတာကြာပြီဆိုတော့ ကျမ ရန်ကုန် ပြန်ရောက်တဲ့အချိန်မှာ ကျမရေးထားတဲ့ ဇာတ်လမ်းလေးကို ကျမက သွားပြပါတယ်။ 

သူနှစ်သက်တာလေးရှိတဲ့ အတွက် ဒီဇာတ်လမ်းလေးတော့ မဆိုးဘူး။ သုံးလို့ရမယ်ဆိုပြီး သူရွေးချယ်ပါ တယ်။ ဒါပေမယ့် ကျမ ရေးထားတဲ့ ထဲမှာ အားနည်းချက်လေးတွေလည်းပါမယ်။ ပညာမပြည့်ဝသေး တာ တွေလည်းပါမယ်။ တကယ်တမ်းလက်တွေ့ ရိုက်ကူးဖို့ကျတော့ အဆင်မပြေတဲ့ အခန်းလေးတွေလည်း ပါမယ်။ နောက်ပြီး ထပ်လိုအပ်သေးတဲ့ အခန်းလေး တွေလည်း အများကြီးပါသေးတာပေါ့။ အဲ့ဒါလေးတွေကို တိုင်ပင်ဆွေးနွေးပါတယ်။ နောက် ကျမကို လမ်းညွှန် မှုတွေပေးပြီးတော့ ထပ်ပြီး ပြင်ဆင်ရေးခိုင်းတဲ့အပိုင်း လေးတွေလည်း ရှိတာပေါ့နော်။ ဒါကြောင့် အေးအေး ဆေးဆေး အဲ့ဒီဇာတ်လမ်းလေးကို လက်စသတ်ဖို့ ရှိပါတယ်။” လို့ ရွှေရေးထင်ထင်က ဧရာဝတီကို ပြောပါတယ်။

နောက်ပြီး သူရေးထားတဲ့ ဇာတ်ညွန်းမှာ အချို့သော အစိတ်အပိုင်းတွေက ထည့်ရိုက်ဖို့ အဆင်မပြေ တာတွေအပြင် ဒါရိုက်တာအနေနဲ့ သူ့စိတ်တိုင်းကျ လိုချင်တဲ့ အခန်းတွေ ထပ်ဖြည့်ခိုင်းထားတွေပြီးရင်တော့ ဒီဇာတ်ကို စရိုက်ဖြစ်ပါလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေရေးထင်ထင် ရေးသားထားတဲ့ ဇာတ်ညွှန်းကတော့ တယောက်နဲ့တယောက် ကလိမ်ကျပြီး လိမ်လည် လှည့်စားရာကနေ နောက်ဆုံးမှာတော့ လိမ်လည်ခြင်းဟာ မကောင်းဘူးဆိုတာကို ရေးသားထားတာဖြစ်ပြီး ဟာသနဲ့ ပညာပေးဇာတ်လမ်းဖြစ်ပါတယ်လို့လည်း ရွှေရေးထင်ထင်က ဆိုပါတယ်။

ခန္တာကိုယ်အချိုးအစားခပ်မိုက်မိုက် ဓာတ်ပုံတွေကြောင့် ဖေ့ဘုတ် လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ စ တင် လူသိများလာတဲ့ အနုပညာရှင်တယောက်အနေနဲ့ နောက်ပိုင်းတွေမှာ သရုပ်ဆောင်တယောက်အဖြစ် လုပ်ကိုင် သွားဖို့ အစီအစဉ်ရှိမရှိ မေးကြည့်တော့..

“မရှိပါဘူးရှင်။ ကျမအတွက် သင့်တော်တဲ့နေရာ လုပ်နိုင်တဲ့နေရာက စာရေးတဲ့နေရာပါ။ သရုပ်ဆောင် တဲ့ဘက် တို့ မော်ဒယ်လ်ဘက်တို့က ကျမ လုပ်နိုင်ကိုင်နိုင်တဲ့ နေရာမဟုတ်ပါဘူး။” လို့ ရွှေရေးထင်ထင်က ပြောပါတယ်။

သူ ဖေ့ဘုတ်မှာ စတင် နာမည်ကြီးလာပြီတဲ့နောက် အခုလတ်တလော အချိန်မှာ ဖေ့ဘုတ်အကောင့်အတု တွေနဲ့ လုပ်ကြံ တိုက်ခိုက်ပြောဆိုနေခြင်းကိုလည်း ခံနေရတာပါ။

“အဲ့ဒီအပေါ်မှာတော့ ဘယ်လိုပြောရမလဲဆိုတော့ တော်တော်တော့ ဆိုးဝါးတယ်ရှင့်။ အခုနောက်ပိုင်း အကောင့် အတုတွေက တော်တော်ကိုများလာတယ်။ များလာတဲ့အပြင်ကို သူတို့က ဘယ်လိုတွေ ရေးလား ကြလဲဆိုရင် ကျမအပေါ်မှာ အများပြည်သူအထင်လွဲအောင်လို့ပေါ့ မင်းသမီး ခင်ယုမေရဲ့ ဓာတ်ပုံကို အသုံးပြု ပြီးတော့ ထင်ယောင်ထင်မှားဖြစ်အောင် ကျမက လုပ်ကြံပြီး ရေးသလိုပုံစံမျိုးသော်လည်းကောင်း၊ နောက်တခုက ဘောလုံးပွဲကိစ္စတွေမှာ မြန်မာအသင်းဘက်ကို အားမပေးဘဲနဲ့ မြန်မာအသင်းကို ပုတ်ခတ် ပြောဆိုတဲ့ သဘောမျိုးသော်လည်းကောင်း အမျိုးမျိုးပေါ့နော်။ အခုနောက်ပိုင်း အကောင့်အတုဘက်ကနေ ရေးသား ပြီး တင်နေကြပါတယ်။ ဒါပေမယ့် သူငယ်ချင်းအရင်းတွေ တော်တော်များများကလည်း လိုက်လံပြီး ဖြေ ရှင်းပေးကြတယ်။ ဒါဟာ ကျမရဲ့ အကောင့်အစစ်မဟုတ်ဘူးဆိုတာကို လိုက်လံဖြေရှင်းပေးကြတယ်။ မယုံ ကြတဲ့သူရှိသလို အရေးအသားတခုအပေါ်မှာ အရေးအသားရဲ့ အဆင့်အတန်းကို ခွဲခြားနိုင်စွမ်းမရှိဘဲနဲ့ ဆင်ခြင်နိုင်စွမ်းမရှိဘဲနဲ့ ယုံကြတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီတော့ ကိုယ့်ဘာသာကိုယ် စဉ်းစားချင့်ချိန်ပြီး ယုံ ကြပေါ့လို့ ကျမ ပြောချင် ပါတယ်။ တခြား ဘာမှ မပြောချင်ပါဘူး။”

ဒီလို တိုက်ခိုက်မှုတွေကို ဘယ်လို တုံ့ပြန်သွားဖို့ရှိမလဲဆိုတော့..

“ကျမ စောင့်ကြည့်နေပါတယ်ရှင့်။ ကျမရဲ့ လတ်တလောမှာ ကျမအနုပညာလှုပ်ရှားမှုမှာ ကျမ စာရေး နေရတာက အပတ်စဉ် တူမောရိုးဂျာနယ်မှာ သရော်စာလေးတွေရေးပါတယ်။ တခြားဂျာနယ်လေးတွေ မှာလည်း ကျမ စာမူ လေးတွေ ပို့နိုင်အောင် အပတ်စဉ်ပို့နိုင်အောင် ကြိုးစားနေတာလေးတွေရှိပါတယ်။ အဲ့လို အပတ်စဉ်စာမူပေးနိုင် ဖို့အတွက် ရေးနေတာတဘက်ရယ် ဇာတ်ညွှန်းရေးနေတာတဘက်ရယ် စာအုပ်ထုတ်ဖို့ လုပ်နေတာတဘက်ရယ် ဆိုတော့ ကျမမှာ လောလောဆယ် အားလပ်ချိန်မရှိအောင် အလုပ်ရှုပ်နေတယ်။ အဲ့တော့ တန်ဖိုးရှိတဲ့အချိန်တွေ မှာ ဖေ့ဘုတ်ထဲက စကားတွေတောင် နားမထောင် နိုင်ဘူးရှင့်။ ကျမရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို သူတို့ကို ဒီအချိန်မှာ မျှမပေးနိုင်သေးဘူး။ ကျမစောင့်ကြည့် နေပါတယ်။ အခြေအနေပိုဆိုးလာတယ်ဆိုရင်တော့ ကျမ ဘက်ကလည်း တခုခု ဒီထက်ပိုပြီး တုံ့ပြန်မှာပါ။”

ဧရာဝတီ


No comments:

Post a Comment

My Blog List