Wednesday, June 17, 2015

မူးယစ် တရားခံတဦးကို အမည်မသိ အဖွဲ့တခုက ကြားဖြတ် လုယူခေါ်ဆောင်


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တွင် မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးတွင် စစ်ဆေးပြီး တောင်လေး လုံး အကျဉ်းထောင်သို့ ပြန်ခေါ်လာစဉ် တရားခံ တဦးကို ကြားဖြတ်လုယူမှု ဖြစ်ပွားကြောင်း သိရသည်။ဖြစ် စဉ်မှာ ယမန်နေ့ ဇွန် ၁၅ ရက် ညနေ ၅ နာရီခန့်က တောင်ကြီးခရိုင် တရားရုံးတွင် စွဲချက်တင်ခံရသူ ၈ ဦးကို စစ်ဆေးပြီး တောင်လေးလုံး အကျဉ်းထောင်သို့ ပြန်ပို့စဉ် ရွှေညောင်မြို့နယ် ရေနွေးရွာလမ်းခွဲ အရောက် ပြောက်ကျားဝတ်စုံဝတ် အဖွဲ့က ကြားဖြတ်ဝင်ရောက်ပြီး စွဲချက်တင်ခံရသူ များထဲမှ ခွန်နန်း ဆိုသူကို ဖြတ်လု ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး ဆန်းလွင်က ဧရာဝတီသို့ ပြောသည်။

“တရားခံတွေ တင်လာတဲ့ ကားရှေ့မှာ မတ်တူးအဖြူရောင် ကားတစီးက ပိတ်ရပ်ပြီး ပြောက်ကျားအင်္ကျီ ဝတ်ထားတဲ့ ယောက်ျား ၄ ယောက် ဆင်းလာတယ်။ သူတို့က သေနတ်အရှည် ၃ လက် အတို ၁ လက် ကိုင်ထားတယ်။ ကျနော်တို့ လုံခြုံရေး လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ချိန်ရွယ်ထားတယ်။ ကျနော်တို့ ခေါ်ဆောင်လာတဲ့ တရားခံ ခွန်နန်းကို လက်ထိပ်ဖြုတ်ပေးဖို့ ပြောတယ်။ ဖြုတ်ပြီး သူတို့ကားပေါ် ခေါ် ဆောင်သွား တယ်။ သူက မူးယစ်ပုဒ်မ ၁၅/၁၉ (က)/၂၁ နဲ့ ဖမ်းထားတာပါ ” ဟု ဒုရဲမှူး ဆန်းလွင်က ဆိုသည်။

လုယူခေါ်ဆောင်ခြင်း ခံရသည့် ခွန်နန်းကို ၂၀၁၄ ခုနစ် အောက်တိုဘာလက လွိုင်ကော်မှ ရန်ကုန်သို့သွား သည့် ခရီးသည်တင်ကားဖြင့် လိုက်ပါလာစဉ် ကလောမြို့အထွက်တွင် ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၁၉၆၀ ပြားနှင့် တွေ့ရှိခဲ့ရသည့်အတွက် ဖမ်းဆီးခြင်း ခံထားရသူ ဖြစ်သည်။ ခွန်နန်းသည် ကယားပြည်နယ် ဒီမောဆိုးမြို့တွင် နေထိုင်သူတဦး ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ခွန်နန်းကို လုယူသွားသည့် ပြောက်ကျား အဖွဲ့သည် မည်သည့်အဖွဲ့က ဖြစ်သည်ဆိုသည် ကို စုံစမ်းနေဆဲ ဖြစ်ကြောင်းနှင့် တရားခံအား လုယူသွားသည့် အဖွဲ့များကို ဖမ်းဆီးရမိရန် ပိတ်ဆို့စစ်ဆေးမှု များ ပြုလုပ်နေသည်ဟု ဒုရဲမှူး ဆန်းလွင်က ဆက်ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက “တရားခံတဦးကို လက်နက်ကိုင် အဖွဲ့က လုယူ သွားတယ်။ ဒီလို ဖြစ်ရပ်က တော်တော်ထူးတယ်။ တောင်ကြီး မှာ တခါမှ မဖြစ်ဖူးဘူး။ အခု အခြေအနေကတော့ မြို့အဝင်အထွက်တွေ ပိတ်ပြီး ရှာနေတာပဲ” ဟု ပြောသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List