Thursday, June 18, 2015

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပမည်


ဇွန်လ ၁၉ ရက်တွင် အသက် (၇၀) ပြည့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ရန်ကုန်နှင့် နေပြည် တော်တို့၌ ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းရရှိ သည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ယခုလ ၁၉ ရက်တွင် နေပြည်တော် လွှတ်တော် အဆောက်အအုံဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရုံး၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ၀န်ထမ်းများနှင့်အတူ ကျင်းပမည် ဖြစ်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ဇွန်လ ၂၁ ရက်တွင် သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် မွေးနေ့ပွဲ ထပ်မံကျင်းပမည်ဖြစ်ကာ အများပြည်သူများကြည့်ရှုနိုင်ရန် ပေ ၂၀ အရွယ် LCD ဘုတ်ဖြင့် ရွှေဂုံတိုင်လမ်းမကြီး၌ ပြသပေးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှသိရသည်။



ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီရုံးများတွင် လည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ကျင်းပပေးရန်ရှိသည်။

ယမန်နှစ်က (၆၉) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပခဲ့ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်တွင် အသက် (၇၀) ပြည့်မည်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်ပြော ကြားထားသူ ဖြစ်သည်။

ချင်းပြည်နယ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily



No comments:

Post a Comment

My Blog List