Tuesday, June 16, 2015

“နိုင်ငံသားတိုင်းလွတ်လပ်စွာမဲပေးနိုင်ဖို့အတွက် ကော်မရှင်မှာတာဝန်ရှိတယ်”


ကျွန်တော်တို့နိုင်ငံမှာ သိပ်မကြာသေးခင်က တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ပြီးသွားပြီး ဖြစ်တယ်။ သန်းခေါင်စာရင်းနဲ့ရလဒ်တော်တော်များ များကို ထုတ်ပြန်ပြီးသွားပါပြီ။ အဲဒီလိုအခြေအနေ မျိုးမှာ တိုင်းပြည် မှာရှိတဲ့ ပြည်သူလူထုရဲ့ မဲပေးပိုင်ခွင့် ရှိတဲ့ ပြည်သူလူထုရဲ့ရလဒ်က လွဲမှားဖို့မကောင်းဘူး လို့မြင်တယ်။ သန်းခေါင်စာရင်းကနေ ကောက်ယူ ရရှိတဲ့အချက်အလက်တွေနဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဘယ်လိုချိတ်ဆက်ပြီး ပူးပေါင်း လုပ်ဆောင်တယ်ဆိုတာကို သေချာမသိဘူး။ ဒါပေမဲ့ တိုင်းပြည်တစ်ခုမှာ အချက်အလက်တစ်ခုတည်းရှိရ မယ်။ 

လူဦးရေနဲ့ဆိုင်တဲ့ အချက်အလက်တွေဟာ မဲပေးပိုင်ခွင့်ရှိတဲ့ အချက်အလက်တွေမှာ အထောက် အကူဖြစ် ရမယ်။ အဲဒါမှသာ အချက်အလက်တွေ ဟာ မှန်ကန်မယ်၊ တိကျမယ်၊ နောက်တစ်ချက်က မဲစာရင်း အလွဲအမှားတွေကို တမင်များထုတ်ပေး သလားလို့ သံသယရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ရွေးကောက်ပွဲမတိုင်ခင်မှာ မဲစာရင်းစစ် ဆေးရတာတွေနဲ့ အလုပ်တွေရှုပ်ပြီးတော့ ကျန်တဲ့ ရွေးကောက် ပွဲအောင်နိုင်ရေးကိစ်္စ၊ ပါတီစည်းရုံးရေး ကိစ္စတွေကိုမလုပ်နိုင်အောင် တမင်သက်သက် ရည် ရွယ်ချက်ရှိရှိနဲ့ အမှားအယွင်းများတဲ့ မဲစာရင်းများကို ထုတ်ပေးပြီးတော့ အလုပ်ရှုပ်အောင်လုပ်နေသလားလို့ သံသယဖြစ် မိတယ်။ ဒါပေမဲ့ ဒီမဲစာရင်းကို စိစစ်၊ စစ်ဆေးဖို့ကိစ္စမှာ အဓိကတာဝန်ရှိတာက အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာတာဝန်ရှိတယ်။ နိုင်ငံ သားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါတဲ့ အခွင့် အရေးအရ မဲပေးပိုင်ခွင့်ရှိတယ်။ အဲဒီမဲပေးပိုင်ခွင့်ကို ဆုံးရှုံးရင် အဲဒီနိုင်ငံသားဟာ အစိုးရနဲ့ ကော်မရှင်ကို တရားစွဲလို့ရ တယ်။ 

အစိုးရနဲ့ကော်မရှင်က ပြုစုတဲ့ စာရင်းက မှားယွင်းတဲ့အတွက်ကြောင့် မဲမပေးရဘဲ ကျန်ခဲ့တဲ့နိုင်ငံသားတွေရှိ ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားအခွင့်အရေးကို စွဲကိုင် ပြီးတော့ အစိုးရနဲ့ပြည် ထောင်စုရွေးကောက်ပွဲကော် မရှင်ကို တရားစွဲလို့ရတယ်။ တရားစွဲသင့်တယ်လို့ လည်းမြင်တယ်။ နောက် တစ်ချက်က အဲဒီမဲစာရင်း တွေမှန်ကန်ဖို့အတွက် နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းအတွေက လည်း အင်တိုက်အားတိုက် ၀ိုင်းလုပ်ရမယ့်အနေအထားမျိုးဖြစ်နေတယ်။ ပြောရ ရင်တော့ လက်ရှိအနေ အထားက အမေကယ်ပါ၊ အဘကယ်ပါအနေအထားမျိုး ဖြစ်နေတယ်လို့ မြင် တယ်လို့ ပြောချင်တယ်။

ဦးဒေးဗစ်လှမြင့်(၁၉၉၀ရွေးချယ်ခံကိုယ်စားလှယ်)
မဲစာရင်းမှားတယ်ဆိုတာ မှားသင့်မှားထိုက်တဲ့ ကိစ်္စတော့မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ မဲတစ်ပြား က အရေးကြီးတယ်။ အစိုးရတစ်ခုရဲ့ အပြောင်းအလဲ၊ နိုင်ငံတစ်ခုရဲ့အပြောင်းအလဲဖြစ်သွားအောင် လုပ် နိုင်တာက မဲတစ်ပြားရဲ့တန်ဖိုးပဲ။ မဲစာရင်းတွေက နေရာတိုင်းမှာ မှားယွင်းနေတာကတော့ လက်ရှိ မဲစာရင်းကိုပြုစုတဲ့သူတွေမှာ အဓိကတာဝန်ရှိသလို ရွေးကောက်ပွဲကိုကျင်းပပေးမယ့် ကော်မရှင်အနေနဲ့ သေချာစိစစ်ဖို့တော့ လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ နေရာတိုင်းမှာ မဲစာရင်းတွေ မမှန်မကန်ဖြစ်လာ တယ်။ မပါသင်တဲ့သူတွေပါနေပြီး မဲပေးခွင့်ရှိသူတွေ မပါဘဲဖြစ်နေရင်တော့ ရွေးကောက်ပွဲရလဒ်သည် မှန်မှန်ကန်ကန်ရလာမှာမဟုတ်သလို ရွေးကောက်ပွဲ သည်လည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲမှာ အဓိကကျတဲ့သူတွေ က မဲပေးမယ့်သူတွေပါ။ မဲပေးခွင့်ရှိတဲ့သူတွေက သူ တို့ရဲ့ဆန်္ဒအစစ်အမှန်ကို ဖော်ထုတ်ခွင့်မရဘဲ ကျန်ခဲ့ မယ်။ မပါတာတွေဖြစ်နေမယ်ဆိုရင် ထွက်ပေါ်လာ မယ့်ရွေးကောက်ပွဲရလဒ်ကလည်း မှန်ကန်တဲ့ရွေး ကောက်ပွဲရလဒ်မဖြစ်ပေါ်လာနိုင်တော့ဘူး။ လက်ရှိ အခြေအနေမှာ ဒီလိုဖြစ်ပေါ်နေတာက မဖြစ်သင့်တဲ့ ကိစ်္စပါ။ အဓိကတာဝန်ရှိတာက ရွေးကောက်ပွဲကော် မရှင်မှာတာဝန်ရှိတယ်။ ရွေးကောက်ပွဲကိုကျင်းပပေး မယ့်အစိုးရမှာလည်း တာဝန်ရှိတယ်။ ဒီလိုမဲစာရင်း ကွာခြားတဲ့ကိစ္စတွေက ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြစ်လာတဲ့အတွက် ဒါတွေကို သေချာပြန်စိစစ်ပြီး တော့ အားလုံးပါဝင်နိုင်တဲ့ မဲပေးခွင့်ရှိသူတိုင်း ပါဝင် တဲ့စာရင်းဇယားတွေကို ထုတ်ပြန်ပေးဖို့လိုအပ်တယ်။ အဲဒီလိုမဟုတ်ဘဲ ဒီအတိုင်းပဲဆက်ပြီးတော့ လုပ်နေ မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲက တရားမျှတမှာ မဟုတ်သလို ဒီလုပ်ရပ်တွေက ရိုးရိုးသားသား မှား ယွင်းတယ်လို့ ပြောလို့မရတော့ဘူး။ တမင်တကာ ချန်ခဲ့သလားဆိုတာကို စဉ်းစားစရာဖြစ်လာပါလိမ့် မယ်။ တကယ်ရိုးရိုးသားသား မှားယွင်းခဲ့တာဆိုရင် တော့ မဲစာရင်းတွေကို သေချာစိစစ်ပြီး ဖြည့်သွင်း ရမယ့်ကိစ်္စကို သူတို့ကိုယ်တိုင်လုပ်ရပါလိမ့်မယ်။ မဲပေးမယ့်သူတွေပဲ လုံးလုံးသက်ဆိုင်နေတာမဟုတ် ဘူး။ မဲစာရင်းပြုစုတဲ့သူတွေမှာလည်း တာဝန်ရှိတယ်။ မဲစာရင်းထုတ်ပြန်ပေးမယ့် လူတိုင်းလူတိုင်းဟာ ကိုယ့် အလုပ်နဲ့ကိုယ်ရှုပ်နေတဲ့အတွက် သွားမကြည့်နိုင်ဘူး။ သွားကြည့်နိုင်တဲ့သူက အနည်းအကျဉ်းသာရှိပါလိမ့် မယ်။ မဲပေးတဲ့နေ့ကျမှ ကိုယ့်အမည်မပါဘူးဆိုတာ ဖြစ်လာနိုင်ပါတယ်။ အဓိကလုပ်ဆောင်ပေးရမှာက ရွေးကောက်ပွဲကော်မရှင်နဲ့ မြို့နယ်မဲစာရင်းထုတ်ပြန် ပေးတဲ့အဖွဲ့မှာသာ အဓိကတာဝန်ရှိတယ်။ မဲစာရင်း က ရွေးကောက်ပွဲတစ်ခုမှာ လွတ်လပ်ပြီး တရားမျှတ တယ်ဆိုတဲ့အချက်ထဲမှာ ဒါလည်းပါဝင်နေတဲ့အတွက်  မဲပေးပိုင်ခွင့်ရှိသူတွေ၊ မဲပေးနိုင်ဖို့ အရေးကြီးပါတယ်။
ဦးမြင့်အေး(လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့)
အခြေခံမဲစာရင်းပြုစုတာက လ၀ကမဲနဲ့ အုပ် ချုပ်ရေးမှူးဖြစ်တယ်။ မှားနိုင်တာက လ၀ကို မဲနဲ့ အုပ်ချုပ်ရေးမှူးဖြစ်တယ်။ နိုင်တာက လ၀ကကို အုပ် ချုပ်ရေးမှူးတွေက ဖွားသေစာရင်းကို မတိုင်တာမျိုး လည်းနိုင်တယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးက သေဆုံး ကြောင်းလုပ်တာတွေ မရှိဘူးပေါ့ဗျာ။ မရှိတာတော့ ဟုတ်တယ်။ ဒါပေမဲ့ လိုအပ်တာထက် အမှားတွေ များနေတယ်။ ထောက်ပြဖို့နဲ့ ပြင်ဆင်ခွင့်ဆိုတဲ့ အဲဒီ အခွင့်အရေးတော့ ရှိတယ်ပေါ့ဗျာ။ သိတဲ့အတိုင်းပဲ။ လူတွေက မဲစာရင်းကိုသွားမကြည့်တာမျိုးတွေနဲ့ စိတ် ၀င်မ၀င်စားတာတွေ ရှိနေတယ်။ စီးပွားရေးတွေ ကျပ်တည်းနေကြတယ်။ အဓိကကတော့ ရွှေ့ပြောင်း အလုပ်သမားကိစ်္စ၊ အညာဒေသတွေမှာဆိုရင် အရွယ် ကောင်းတွေမရှိတော့ဘူး။ ပြည်ပနိုင်ငံတွေနဲ့ ရန်ကုန်၊ မန်္တလေးလို မြို့ကြီးတွေမှာရှိနိုင်တယ်။ သူတို့က ဘယ်မှာမဲပေးရမယ်ဆိုတာကို အသိပေးရှင်းလင်း ခြင်းမရှိဘူး။ မဲစာရင်းကို ထောက်၊ ဖျက်၊ ပြင်ပေါ့ဗျာ။ (၁၄)ရက်ဆီ (၁၄)ရက်နဲ့ နောက်တစ်ပတ်အတွင်း ပြင်ပြီးရင် အဲဒါတွေကအတည်ဖြစ်သွားမယ်။ ဒါပေမဲ့ အဲဒီသွားပြီး ပြင်ဆင်တဲ့သူကနည်းနေတာကို တွေ့ရ တယ်။ ပြင်နိုင်အောင်လည်း အသိပေးခြင်း၊ လှုံ့ဆော် ခြင်းကို ရွေးကောက်ပွဲကော်မရှင်က လုပ်မထားဘူး။ မေးလိုက်ရင်လည်း ကျွန်တော်တို့က လူအင်အား နည်းနေပါတယ်။ ရှိတဲ့သူနဲ့လုပ်နေရပါတယ်လို့ပြော တယ်။ ဒါက သူတို့ပေးတဲ့အကြောင်းပြချက်ဖြစ် တယ်။ နောက်တစ်ချက် စဉ်းစားလို့ရတာက သူတို့ ဘက်က မရိုးသားဘူးလို့မြင်တယ်။ ကော်မရှင်ကိုယ် တိုင်က ကျွန်တော်တို့ပြောနေတဲ့ အငြိမ်းစားတရား သူကြီးတွေမဟုတ်ဘူး။ စစ်ဗိုလ်ချုပ်တစ်ဖြစ်လည်း ကြံ့ခိုင်ရေးနဲ့ပါတီက တစ်ဖြစ်လည်းတွေဖြစ်နေတယ်။ အဲဒီလူတွေက နေ့ချင်းညချင်းကော်မရှင် လူကြီးခန့် ထားတာကို တွေ့ရတယ်။ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က ဘက်လိုက်မှုကင်းရဲ့အားလို့ မေးခွန်း ထုတ်စရာရှိတယ်။ အဓိကကတော့ တကယ်စေတနာ မှန်ရင် ဆန်္ဒမဲပေးခွင့်ဆိုတာ လှုံ့ဆော်မှုတွေလုပ်ရ တယ်။ အဲဒီလိုလှုံ့ဆော်မှုတွေက မြန်မာပြည်မှာ မရှိ ဘူး။ NGO တွေကို လုပ်ခိုင်းတယ်လို့ ပြောတယ်။ NGO တွေမှာ ဘတ်ဂျက်မရှိဘူးလို့သိရတယ်။ ဘတ် ဂျက်မရှိတော့ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်တော့ မည်ကာမတ်္တလုပ်နေတယ်။ လေ့လာစောင့်ကြည့် မယ်။ သဘောတော့ရှိပါတယ်။ ဒီမဲစာရင်းကွာဟမှု အပေါ် ချုပ်ပြောရမယ်ဆိုရင် ရိုးသားမှုနည်းတယ်လို့ ထင်ပါတယ်။
ဦးစောကျော်ကျော်မင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြောက်ပိုင်းခရိုင်အတွင်းရေးမှူး)
ကျွန်တော်တို့ မြို့နယ်၊ ရပ်ကွက်တွေကိုဆင်း ပြီးတော့ အခြေခံမဲစာရင်းကို လေ့လာကြည့်တဲ့အခါ မှာကွာဟချက်တွေ မမှားသင့်မမှားထိုက်တဲ့ အမှား တွေအများကြီးပါနေတယ်။ ရပ်/ကျေးကော်မရှင်၊ ကျေးရွာကော်မရှင်တွေကို တွေ့တဲ့အခါမှာ မေး ကြည့်တော့ သူတို့တွေအနေနဲ့ မဲစာရင်းတွေကို ပြုစု တင်ပေးလိုက်တယ်လို့ပြောတယ်။ မြို့နယ်က ပြန်ကျ လာတဲ့အခါမှာ ကွာဟနေတယ်ဆိုပြီး ပြန်ရှင်းပြ တယ်။ ဒီလိုဖြစ်နေတာတွေနဲ့ပတ်သက်ပြီးတော့ မေး ခွန်းထုတ်စရာ ရှိလာတာက ဒါတွေက သဘောရိုးနဲ့ ကွာဟတာလား၊ သဘောရိုးမဟုတ်ဘဲနဲ့ ကွာဟတာ လားဆိုတာကို မေးခွန်းထုတ်စရာရှိလာတယ်။ ကျွန် တော့်အမြင်ပြောရရင်တော့ ကွန်ပျူတာမှားတယ်ဆို ရင်လည်း (၃၀)ရက် (၆)လဖြစ်နေတာ ဘာကြောင့် ဖြစ်နေတာလဲဆိုတာကိုတော့ ကျွမ်းကျင်တဲ့ ကွန်ပျူ တာပညာရှင်တွေဆိုရင် သိပါတယ်။ ဒီလိုဖြစ်နေတာ တွေက သေသေချာချာ စိစစ်ဆောင်ရွက်မှုမရှိဘဲနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ မှားအောင်လုပ်ထားတာလား ဆိုတာကိုတော့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောချင်တယ်။

ဒေါ်ဝါ၀ါ(မြောက်ဥက်္ကလာပ)
မဲစာရင်းကြေညာတဲ့အထဲမှာ ကျွန်မတို့မပါတဲ့ အတွက် ရပ်ကွက်ရုံးကိုသွားမေးကြည့်တော့ မဲစာရင်း ကောက်တဲ့အချိန်မှာ ကျွန်မတို့မိသားစုက စာရင်း ကောက်ယူတဲ့အချိန်မှာ အိမ်မှာလူမရှိလို့ မပါသွား တာလို့ ရှင်းပြတယ်။ တစ်လမ်းလုံးမှာ ကျွန်မတို့ တစ်အိမ်ထဲမပါဘူးဖြစ်တယ်။ ကွန်ပျူတာရိုက်တဲ့ သူရဲ့အားနည်း ချက်ကြောင့် ဖြစ်နိုင်တယ်။ စာရင်း ကောက်တဲ့အခါမှာ အိမ်တွေက တံခါးပိတ်ထားတယ် လို့ပြောတယ်။ ကျွန်မတို့အိမ်မှာ လူက အမြဲရှိတယ်။ ဒီလိုကျန်ခဲ့တာကတော့ ရွေးကောက်ပွဲကော်မရှင်က လူတွေရဲ့ အားနည်းချက်လို့မြင်တယ်။

Hot News Journal


No comments:

Post a Comment

My Blog List