Tuesday, June 16, 2015

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ (၂) ရက်စော ကျင်းပမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၀) နှစ်ပြည့် မွေးနေ့ကို နှစ်ရက် ကြိုတင် ကျင်းပသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး NLD ပါတီထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သည် ဇွန်လ (၁၉) ရက်နေ့ ဖြစ်သော်လည်း မန်းတိုင်း (NLD) အနေဖြင့် (၁၇) ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် (၁၉) ရက်နေ့တွင် မြို့နယ် အသီးသီးမှ မွေးနေ့ပွဲ အတွက် သီးခြား အစီအစဉ်များ ပြုလုပ်ကြမည် ဖြစ်သဖြင့် ယင်းသို့ ကြိုတင် စီစဉ်ရခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း NLD ပါတီဥက္ကဋ္ဌ ဦးတင်ထွန်းဦးက ပြောသည်။

““ကျွန်တော်တို့ ရတောင့်ရခဲ ရှားပါးတဲ့ ခေါင်းဆောင် တစ်ယောက်ရတဲ့ အချိန်မှာ ဒီခေါင်းဆောင် အသက် ရာကျော် ရှည်ပြီးတော့ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး လမ်းကြောင်းမှာ ဂုဏ်ယူစရာ၊ ဂုဏ်ပြုစရာတွေကို လည်း ဂုဏ်ပြုရင်း တိုင်းပြည် အကျိုး ဒီထက်ပို သယ်ပိုးနိုင်ဖို့ ဆုမွန်ကောင်း တောင်းပေးချင်တာပါ”” ဟု ၎င်းကပြောသည်။

မွေးနေ့ အခမ်းအနားကို ဇွန်လ (၁၇) ရက်နေ့တွင် (၂၆) လမ်းနှင့် (၈၇) လမ်း (၈၈) လမ်းကြားရှိ ပဒုမ္မာ ခန်းမတွင် နံနက် (၉း၀၀) နာရီမှ စတင် ကျင်းပမည် ဖြစ်သည်။ 

သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ မွေးနေ့ဆုတောင်း၊ သ၀ဏ်လွှာ ဖတ်ကြားခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာရေးဆရာမ မသီတာ (စမ်းချောင်း) မှ ဟောပြောမည့် အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။

Messenger News Journal

No comments:

Post a Comment

My Blog List