Monday, June 15, 2015

ပြည်ခိုင်ဖြိုးပါတီက သိမ်းယူထားသည့် တောင်ဥက္ကလာပ ကလေးကစားကွင်း ကိစ္စကို ဆန္ဒပြရာတွင်ပါဝင်ခဲ့သဖြင့် တရားစွဲခံထားသည့် ၈၈ ငြိမ်း/ပွင့် မှ ဦးကိုကိုကြီး အာမခံမယူဟု ဆို



တောင်ဥက္ကလာပ ကလေးကစားကွင်း ပြည်ခိုင်ဖြိုးပါတီ သိမ်းယူသည့်အတွက် ဆန္ဒပြသည့် ကိစ္စအား တရားစွဲခံထားရမှု အာမခံယူမည်မဟုတ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲအစည်းမှ ဦးကိုကိုကြီး က ဇွန်၁၅ရက်က မီဒီယာများသို့ပြောသည်။

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ရှိ ကလေးကစားကွင်းအား ပြည်ခိုင်ဖြိုးပါတီက သိမ်းယူပြီး တိုက်ခန်းဆောက်လုပ်ထားမှု ၂၀၁၄ခုနှစ်က ဒီဇင်ဘာလအတွင်း ဆန္ဒဖော်ထုတ်ရာခဲ့ခြင်းအား တောင်ဥက္ကလာပရဲစခန်းမှ ဇွန်လ ၅ရက်က ပုဒ်မ-၁၉ဖြင့် အမှုဖွင့်ခြင်းကိစ္စအား ပြောခြင်းဖြစ်ကြောင်း သိရသည်။

ဦးကိုကိုကြီးက `` ဆန္ဒပြရာမှာပါဝင်ခဲ့တယ်။ အမှုကို တရားရုံးတင်မယ်ဆိုရင် အာမခံ ယူမှာမဟုတ်ဘူး´´ဟုပြောသည်။အဆိုပါအမှုအတွက် ဦးကိုကိုကြီးအပါအ၀င် လူပုဂ္ဂိုလ် ၅ ဦးအား တောင်ဥက္ကလာပရဲစခန်းမှ အမှုဖွင့်ထားခြင်းဖြစ်သည်။

တရားရုံးမှဆင့်ခေါ်သဖြင့် တရားရင်ဆိုင်ဖို့ တောင်ဥက္ကလာပ တရားရုံးကို သွားရောက်ခဲ့ရာတွင် တရားသူကြီး မလာရောက်ခြင်းတရားဝင်ဖြေ ကြားပိုင်ခွင့်ရှိသူမရှိခြင်းတို့ကြောင့် နာရီဝက်ကြာခန့်စောင့်ဆိုင်းပြီး အမှုလိုက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်အား ကိုယ်စာလှယ်လွဲပေးပြီး နောက် နံနက် ၁၀နာရီခွဲသည့် တိုင် တရားသူကြီး ရောက်မလာသေးသဖြင့် ပြန်လည်ထွက်ခွာကာ ၈၈ မျိုးဆက်ရုံးခန်းတွင် နံနက် ၁၁နာရီခန့်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီး သည်တောင်ဥက္ကလာပ မြို့နယ် အတွင်းရှိ အားကစားကွင်းပြန်လည် ရရှိရေးဆန္ဒဖော်ထုတ်သည့် အတွက် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ပြီး ငါးလအကြာ ဖြစ်သည့် မေ၂၂ရက်တွင် တောင်ဥက္ကလာမြို့မရဲစခန်းက အမှု နှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးခဲ့ခြင်းများရှိကြောင်း သိရသည်။

အဆိုပါဆန္ဒဖော်ထုတ်ရာတွင် ဦးကိုကိုကြီးနှင့် အတူ ပါဝင်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦ်းမျိုးခင်၊ တောင်ဥက္ကလာပ မြို့နယ် NLD အဖွဲ့ဝင် ဒေါက်တာစောနိုင်၊ ဦးနိုင်ကိုလင်းနှင့် ဦးအောင်မော်(ခ) ဦးစစ်အောင်တို့ ငါးဦးကို တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၅၂၈/၁၄၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

စိုင်းဟန်
The Ladies News Journal

No comments:

Post a Comment

My Blog List