Friday, June 19, 2015

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများ စတင်ရန် လုပ်ငန်းစတင် လုပ်ဆောင်မည့် သဘောတူစာချုပ် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့် ကော်မတီ အစည်းအဝေးတွင် လက်မှတ်ရေးထိုးမည်


ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းများစတင်ရန် Concession Agreement (လုပ်ငန်း စတင် လုပ်ဆောင်မည့် သဘောတူစာချုပ်) အား ယခုလအတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ လက်မှတ်ရေးထိုး သွား မည်ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သတင်းရရှိပါသည်။

ယင်း Concession Agreement အား လက်မှတ်ရေးထိုးရန် မြန်မာဘက်မှ ဌာဆိုင်ရာ အသီးသီး၏ သဘောထားမှတ်ချက်များ တောင်းခံခြင်းနှင့် မြန်မာအစိုးရဘက်မှ အတည်ပြုခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ် ကာ ယခုလနောက်ဆုံးပတ်တွင် ပြုလုပ်မည့် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီ(JHC) အစည်းအဝေး တွင် လက်မှတ်ရေးထိုး သွားမည်ဖြစ်သည်။

အဆိုပါ Concession Agreement (လုပ်ငန်း စတင်လုပ်ဆောင်မည့် သဘောတူစာချုပ်) လက်မှတ်ရေးထိုး ပြီးသည်နှင့် စီမံကိန်းတွင် ပါဝင်သည့် ကနဦးစီမံကိန်းလုပ်ငန်းများအား စတင်ဆောင်ရွက် သွားမည်ဖြစ် သည်။ ကနဦးစီမံကိန်း လုပ်ငန်းများတွင် နှစ်လမ်းသွား ကားလမ်းငယ်၊ ဆိပ်ကမ်းငယ်၊ ကနဦးစက်မှုဇုန်၊ ကနဦးလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ကနဦး လူနေအဆောက်အအုံများနှင့် မြို့ပြစီမံကိန်း၊ ကနဦးရေပေး ဝေရေး စီမံကိန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

ကနဦးစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများအား ရှစ်နှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းကနဦး စီမံကိန်းများစတင်ချိန်တွင် ပင်မစီမံကိန်းလုပ်ငန်းများ စတင်ရန် နိုင်ငံတကာ အကြံပေးခေါ်ယူခြင်း လုပ်ငန်း စဉ်များအား စတင်သွားမည်ဖြစ်သည်။

“ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းတွေ စတင်ဖို့ Concession Agreement ကို ဇွန်လ နောက် ဆုံးပတ်လောက်မှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးမယ်။ လက်မှတ်ထိုးပြီးတာနဲ့ ကနဦးစီမံကိန်း တွေ စမယ်။ ကနဦးစီမံကိန်းသည် ရှစ်နှစ်ကြာမယ်။ ရှစ်နှစ်ပြည့်တော့မှ ပင်မစီမံကိန်း လုပ်ငန်းကြီးကို သွားမှာမဟုတ်ဘူး။ ကနဦးစီမံကိန်း စပြီဆိုတာနဲ့ ပင်မစီမံကိန်းကြီးဖြစ်တဲ့ Full Phase ကို Consultant ခေါ်မယ်။ ပြီးရင်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေလာရင် ကနဦးစီမံကိန်း ဆောင်ရွက်နေစဉ် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပဲ ပင်မစီမံကိန်းကြီးတွေဆက် လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန် (ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ) က ပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း လုပ်ငန်းများအနက် ၂၀၁၅ ခုနှစ်ကုန်တွင် ပြီးစီးရန် ရည်မှန်း ထားသည့် လုပ်ငန်းစဉ်များမှာ ထားဝယ် ရေနက်ဆိပ်ကမ်း (အဆင့် ၁)၊ မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး (အဆင့် ၁)၊ စက်မှုဇုန်များ၊ အလုပ်ရုံများ၊ စီးပွားရေးအဆောက်အအုံများ၊ လူနေအိမ်ရာများ၊ ဆေးရုံကျောင်း နှင့်ဈေး စသည့်လူမှုရေး အဆောက်အအုံများ ဖြစ်သည်။ အဆိုပါ ကနဦး စီမံကိန်း လုပ်ငန်းများအတွက် ကုန်ကျစရိတ်မှာ ခန့်မှန်းအမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံခန့် ရှိမည်ဟု သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်း များတွင် ဂျပန်နိုင်ငံမှ ပါဝင် လာခြင်း မရှိသေးဘဲ ပင်မစီမံကိန်း လုပ်ငန်းကြီး များ၌ ပါဝင်ဆောင်ရွက်ရန် ပိုမိုစိတ်ဝင်စားနေကြောင်း သတင်းရရှိသည်။  

           
Eleven Media Group


No comments:

Post a Comment

My Blog List