Thursday, June 18, 2015

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့တွင် သွေးလှူဒါန်းမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့တွင် စုမေတ္တာသွေးအလှူရှင်များ ကွန်ရက်၏ စု ပေါင်းသွေးလှူဒါန်းပွဲနှင့်ဆုတောင်းပွဲ ကျင်းပမည်ဟု သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၀) ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် ဇွန်လ ၁၉ ရက်တွင် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ် မည်ဖြစ် သည်။

အဆိုပါ သွေးလှူဒါန်းပွဲကို ထားဝယ်မြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က ဦးဆောင်စု ပေါင်းဖွဲ့စည်းထားသည့်စုမေတ္တာ သွေးအလှူရှင်များကွန်ရက်အဖွဲ့ဝင်များနှင့် ဒေသခံများလည်း ပါဝင်လှူဒါန်းမည်ဖြစ်သည်။

‘‘အနည်းဆုံးသွေးအလှူရှင် ၃၀ ဦး လှူဒါန်းသွားမယ်။ကွန်ရက် မှာပါဝင်တဲ့သူတွေအပြင် မြို့ပေါ် ရပ်ကွက်က စေတနာရှင်တွေ လည်း ပါဝင်လှူဒါန်းမှာပါ’’ ဟု စု မေတ္တာ သွေးအလှူရှင်များ ကွန် ရက်မှ ကိုလွင်ဖြိုးအောင်ကပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၆၈) နှစ်ပြည့်မွေးနေ့ အ ထိမ်းအမှတ်အဖြစ် ထားဝယ်မြို့တွင် ပထမအကြိမ် စုပေါင်းသွေးလှူ ဒါန်းမှု ပြုလုပ်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် သွေးလှူဒါန်းရန် စီစဉ်နေခြင်းဖြစ်သည်။

စုမေတ္တာသွေးအလှူရှင်များ ကွန်ရက်ကို ၂၀၁၂ က ဒေသတွင်း ရှိ သွေးအလှူရှင်များဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး သွေးလိုအပ်နေသည့် လူနာများနှင့် သင်္ကြန်ကာလအကြို တွင် သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ ပြီး ယခုလှူဒါန်းမည့် သွေးလှူဒါန်း ပွဲသည် တတိယအကြိမ် စုပေါင်း သွေးလှူဒါန်းခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်၏ (၇၀)နှစ်ပြည့်မွေးနေ့အ ထိမ်းအမှတ်ဖြင့် ထိုနေ့တွင် မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ရွှေတောင်စားစေတီတော်၌ ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

ရန်ကုန်အပါအ၀င် နယ်မြို့များတွင် ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့ အထိမ်အမှတ်ပွဲများ ကျင်းပရန်ရှိသည် (ဓာတ်ပုံ − ဦးစိုးညွန့် ဖေ့စ်ဘွတ်ခ်)
7Day Daily


No comments:

Post a Comment

My Blog List