လှေစီး ဒုက္ခသည်များအရေးနှင့်ပတ်သက်ပြီး နယ်စပ်တွင် ပြသနာ အချို့ ရှိနေစဉ် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ့် နယ်ခြား စောင့်တပ်မှူးများအဆင့် အလံတင် ဆွေးနွေးပွဲကို ကော့စ်ဘဇားမြို့တွင် ဇွန်လ ၁၄ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြ သည်။
ဆွေးနွေးပွဲတွင် နယ်စပ် ဖြတ်ကျော် လူကုန်ကူးမှု ကိစ္စ၊ တရားမ၀င် ပင်လယ်ပြင်ကို ဖြတ်ပြီး မလေးရှားသို့ ထွက်ခွာ နေကြသော လှေစီးပြေး ဒုက္ခသည်များ ကိစ္စတို့ကို အထူးအလေးပေး ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက် ရောက် သတင်းရယူခဲ့သူ ဘီတီဗီ ကော့စ်ဘဇား သတင်းထောက် ချော်ဟေးဘိုင်က ပြောသည်။
“ ဒီတစ်ခေါက် ဆွေးနွေးပွဲက တော်တော့ကို အရေးကြီးတယ်။ လူစုံတက်စုံ ရောက်ကြပြီး နယ်စပ်မှာ ပူးပေါင်းဆောင် ရွက်မယ့် ကိစ္စတွေ အဓိက ဆွေးနွေးကြပါတယ်” ဟု သူက ဆိုသည်။
ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ကော့စ်ဘာဇားမြို့ ကော်လာတိုလီ ရပ်ကွက်ရှိ ဟိုတယ် အိုရှန်း ပါရာဒိုင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဗိုလ်မှူးချုပ် မိုဟာမတ် ဟာဘီဘူလ် ကရိမ်းဦး ဆောင်ပြီး ကိုယ်စားလှယ် ၂၃ ဦးတက်ရောက်ကာ မြန်မာဘက်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် တင်ကိုကို၊ အမှတ် (၁) နယ်မြေမှူး ကျော် သူဇာ၊ အမှတ် (၂) နယ်မြေမှူး သိန်းဟန်၊ မောင်တောခရိုင် အမျိုးသား မှတ်ပုံတင်နှင့် လူဝင်မှု ကြီးကြပ်ရေးဌာနမှ သက်နိုင်ဌေး အပါအ၀င် စုစုပေါင်း ၁၇ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နတ်မြစ်အတွင်း လူကုန်ကူးမှူးနှင့် နယ်စပ်ဖြတ်ကျော်ပြီး စိတ်ကြွဆေးပြား ရောင်းဝယ် နေမှုများကို တိုက်ဖျက်ရေး စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မြန်မာနိုင်ငံမှ ဘင်္ဂလီများ ဘင်္ဂလာဒေ့ရှ်သို့ တရားမ၀င်ရောက်နေမှုကို ရပ်တန့်အောင် လုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး မြန်မာဘက်မှ ပူးပေါင်းလုပ်ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း ပြောဆို သည်။
ယခုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မြန်မာနယ်ခြားစောင့်တပ်အား ဆက်သွယ် နိုင်ခြင်း မရရှိသဖြင့် မည့်သည့်အကြောင်း အရာကို ဆွေးနွေးခဲ့ကြောင်း မသိရသေးပေ။
Narinjara
No comments:
Post a Comment