Tuesday, June 16, 2015

တရုတ်ပြည်ခရီးစဉ် သွားရခြင်းသည် နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


တရုတ်ပြည်ခရီးစဉ် သွားရခြင်းသည်၊ မိမိပါတီ၏ အကျိုးအတွက်သွား ရောက်ခြင်းမဟုတ်ဘဲ နိုင်ငံ၏ အကျိုး အတွက် သွားခြင်းသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၆၄)ရက်မြောက်နေ့အစည်း အဝေးအပြီး သတင်းထောက်များမှ တရုတ် ပြည်ခရီးစဉ်နှင့်ပတ်သက်၍မေးမြန်းရာ ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည် ခရီးစဉ်အား ပထမဦးဆုံး အကြိမ်အဖြစ် ဇွန် ၁ဝ ရက် တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ ပြီး ဇွန် ၁၄ ရက်တွင် ပြန်လည်ရောက်ရှိ ကြောင်း သိရှိရသည်။

ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး သတင်း ထောက်များမှ စိတ်ကျေနပ်မှုရှိပါသလား ဟုမေးမြန်းရာ သူမမှ စိတ်ကျေနပ်မှုရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့သွားရောက်စဉ် တရုတ် နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံစဉ်ဆွေးနွေးမှုများနှင့်ပတ်သက်၍ မေးမြန်းရာတွင် သူမမှ ပြောပြ၍မရသေးကြောင်း၊ သတင်း စာရှင်းလင်းပွဲပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်ပတ်သက်ပြီး မေးမြန်းရာ လောလော ဆယ်တွင် မရှိသေးပါကြောင်း သတင်းစာ ရှင်းလင်းပွဲကို အီးစီများနှင့် တိုင်ပင်ပြီးမှ လုပ်သင့်၊ မလုပ်သင့် ပြောမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Yangon Media Group


No comments:

Post a Comment

My Blog List