Wednesday, June 17, 2015

သံလွင်မြစ်ပေါ်ရေကာတာ လျှစ်စစ်စီမံကိန်းများကြောင့် ပါဝင်သော ဧရိယာများကို လျော်ကြေးပေးမည်ဟုဆို


သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကြောင့် ထိခိုက်နစ်နာသူများကို ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဟု ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်သန်းဦးက ပြောသည်။

“ကွမ်းလုံစီမံကိန်းမှလွှဲ၍ သံလွင်မြစ်ပေါ်ရှိ အခြားသော စီမံကိန်းများအတွက် ဖြစ်ပေါ်လာနိုင်မည့် အကျိုး သက်ရောက်မှုများကို တင်ပြနိုင်ခြင်းမရှိသေးပါ။ ကွမ်းလုံရေ အားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ထိခိုက်မည့် ရာဘာပင်များအတွက် နစ်နာကြေးများ ညှိနှိုင်းပေးပေးချေလျက်ရှိပါတယ်။

ပြောင်းရွှေ့ပေးရမည့် အိမ်ထောင်စု ၆၄စုကိုလည်း E/SIA အစီရင်ခံစာပါ တင်ပြချက်များအတိုင်း ပြည်သူ လူထု ကျေနပ်သည့်အဆင့် ရောက်ရှိသည် အထိ ၀န်ကြီး ဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေသခံရွာသား များ ညှိနှိုင်းပြီး စီးပြီး ဖြစ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောသည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာလျှပ်စစ်စီမံကိန်း ငါးခု တည်ဆောက်ရန် ရည်ရွယ်ထားပြီး ကွမ်းလုံစီမံကိန်း တစ်ခုသာ JVA(Joint Venture Agreement) ရေးထိုးထား ကာ လူမှုစီးပွားဘ၀ တာဝန်ယူမှုဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများကိုလည်း ဒေသတွင်း နှစ်ကြိမ် ကွင်းဆင်းဆောင် ရွက်ပြီးဖြစ်သည်ဟု ဆို သည်။ ဒေသအခြေ အနေနှင့် လိုက်လျော ညီထွေမှုရှိ သည့် သီးနှံ၊ သစ်ပင်းများကို ညှိနှိုင်းပေးလျော်ရန် ဆွေးနွေးပြီးဖြစ်သည်ဟု ဆိုသည်။

“ပြန်လည်နေရာချထားမည့် အစီအစဉ်နှင့်ပတ်သက်၍လည်း ဒေသခံများနှင့် ညှိနှိုင်းပြီးဖြစ်ပါတယ်၊ လက်ခံ နိုင်သည့်အတွက် အကောင်အထည်ဖော်ရန်သာ လိုအပ် သည့် စီမံကိန်းဖြစ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောသည်။

သို့သော် ကွန်းလုံစီမံကိန်းကို ပြည်ထောင်စုအစိုးရ အနေဖြင့် ချက်ချင်း ရပ်ဆိုင်းပေးရန် ယခုလအတွင်း ရှမ်းပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်း များက ကြေငြာချက် ထုတ်ကာ တောင်းဆိုထားသေးသည်။

ပြည်သူ့လွှတ်တော်အစည်းအဝေး ၆၆ ရက်မြောက်နေ့တွင် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း များကြောင့် ဒေသခံများ၏ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ ဆုံးရှုံးရမှုအတွက် မည်သို့ လျော်ကြေးပေးမည်နှင့် ရေကာတာဧရိယာအတွင်း ရှိ သစ်များခုတ်ခြင်း၊ သဘာဝ သယံဇာတများ တူးဖော်ထုတ်ယူခြင်းများကို မည်သို့ လုပ်ဆောင်မည်ကို သိလိုသည့်ဟု  မေးမြန်မှုအပေါ် အထက်ပါ အတိုင်း ဖြေကြားခြင်းဖြစ်သည်။

“ကွမ်းလုံ၊ နောင်ဖ၊ မန်တောင်း၊ တာစန်း-မိုင်းတုံ ရွှေလီ ၃ အထက်ရဲရွာ အထက်ကျိုင်းတောင် ရေကာတာမှ ရေအားလျှပ် စစ်ထုတ်ယူရာမှာဆောင် ရွက်မှု မှ ဖြစ်ပေါ် လာတဲ့ စီမံကိန်းရှိ ရေ၀ပ်ဧရိယာမှာ ပါတဲ့ ကျေးရွာ များရှိ နိုင်သလို့ လယ်ယာမြေများ ဥယာဉ်ခြံမြေများလည်းရှိလာနိုင်ပါတယ်။ စီမံကိန်းဧရိယာအတွင်းသစ်ပင် လုတ်လှဲခြင်း၊သဘာဝသယံဇာတ ထုတ်ယူခြင်း များကို လည်းထိခိုက်လာနိုင်မှု ကိုဒေသခံများက စိုးရိမ်နေ ကြပါတယ်” ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်ဌေးကြွယ် ကပြောသည်။

ရေအားလျှစ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားခြင်း၊ နည်းပညာရပ်ဆိုင်ရာ အထူးဂရုပြု ဆောင်ရွက်ရခြင်း အချိန်ကာလကြာမြင်စွာ တည်ဆောက်ရခြင်းများ ကြောင့် နိုင်ငံတော်တစ်ခုတည်း မလုပ်ဆောင်နိုင်သည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ပြီး စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

သံလွင်မြစ်ပေါ်ရှိ နောင်ဖစီမံကိန်း၊ မိုင်းတုံစီမံကိန်း၊ ရွာသစ်စီမံကိန်း၊ ဟက်ကြီးစီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာများကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးဟု ဆိုသည်။ E/SIA အစီရင်ခံစာ များအတွက် ကျွမ်းကျင်မှုရှိပြီး ဘက်လိုက်မှုကင်းသော တတိယအဖွဲ့အစည်းဖြစ်သည့် သြစတြေးလျးနိုင်ငံမှ Snowy Mountain Engineering Corporation ကို ငှားရမ်းကာ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List