Tuesday, June 16, 2015

သန့်ရှင်းရေးသမားတွေ လွှတ်တော်ကို ဆန္ဒပြ


သြစတြေးလျနိုင်ငံရဲ့ လွှတ်တော်မှာ သန့်ရှင်းရေး အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေက အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။ဒီကနေ့ဟာ International Cleaners’ Day လို့ခေါ်တဲ့ နိုင်ငံတကာ သန့်ရှင်း ရေးသမားများရဲ့ နေ့ဖြစ်ပေမယ့် ကင်ဘာရာမြို့က လွှတ်တော်သန့်ရှင်းရေး သမားတွေက အထူးတလယ် ကျင်းပနိုင်ခြင်း မရှိပဲ ဆန္ဒပြနေရတာ ဖြစ်ပါတယ်။

အကြောင်းရင်းကတော့ အလုပ်သမားတွေအတွက် အစိုးရက လုပ်ခလစာ လျှော့ချလိုက်သလို၊ သုံးနှစ်အ တွင်း လစာ တိုးမြင့်လာခြင်း မရှိတဲ့အတွက် ၂၄ နာရီအတွင်း အလုပ်မဆင်းပဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ဟာ လွှတ်တော် အစည်းအဝေး ပြန်လည်စတင်တဲ့နေ့ဖြစ်ပြီး သန့်ရှင်းရေးသမား အယောက် ၄၁ ယောက်က ဆန္ဒပြနေတာ ဖြစ်ပါတယ်။

သန့်ရှင်းရေးသမားတွေဟာ လွှတ်တော်အတွင်းက စာကြည့်တိုက်တွေ၊ မျက်ခင်းပြင်တွေ၊ အစည်းအဝေး ခန်းမတွေ၊ မီးဖိုဆောင်နဲ့ ခြံစည်းရိုး အစရှိတဲ့ နေရာတွေကို သန့်ရှင်းရေး လုပ်ပေးနေတာ ဖြစ်ပါတယ်။

ABC


No comments:

Post a Comment

My Blog List