Tuesday, June 16, 2015

“အတည်ပြုရမယ့်ဥပဒေများအတွက် နောက်လွှတ်တော်ကိုအကြွေးမထားခဲ့ချင်ဘူးဆိုတဲ့ နာယကစကားတော့အားကိုးချင်တယ်”


အရှေ့တောင်အာရှနိုင်ငံများတွင် ဘရူးနိုင်းနှင့်မြန်မာနှစ်နိုင်ငံသာ အတည် ပြုရန်ကျန်တော့သည့် ဥပဒေ အထောက် အကူပြုဥပဒေအတွက် မူကြမ်းပြင်ဆင် ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၄ ရက် နေ့က Summit  ParkView  ဟိုတယ်တွင် ကျင်းပခဲ့ရာ ပြညောမေ  Myanmar  Legal  aid  Net work နှင့်Sealaw အဖွဲ့မှတာဝန်ရှိသူများ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တို့တက် ရောက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါဥပဒေအထောက်အကူပြု ဥပဒေဆိုသည်မှာ အခြေခံလုတန်းစား များ၊ မသန်စွမ်းသူများ၊ ကလေး သူငယ် များနှင့်အမျိုးသမီးများအတွက် ဥပဒေ ထောက်ပံ့ပေးရန်ဖြစ်ကြောင်း၊ ဥပဒေ အထောက်အကူပြု ဥပဒေမူကြမ်းထွက်သည့် အချိန်ကတည်းက နိုင်ငံတကာအဖွဲ့ အစည်းများ၊ ဥပဒေပညာရှင်များ၊ အရပ် ဘက်အဖွဲ့အစည်းကိုတင်ပြ၍ အကြံဥာဏ်များ ရယူခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံတကာ နည်းတူဆင်းရဲသည့်နိုင်ငံ သားများကို ဥပဒေအရအထောက်အကူ ပေးရန်တာဝန်ရှိကြောင်းMLAWမှ တရားလွှတ်တော်ရှေ့နေကြီး ဦးကျော်မြင့် ကပြောကြားသည်။

MLAW မှအတိုကောက်ခေါ်ဆို သည့် Myanmar  Legal  Aid  Network အနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လကတည်းက ရန်ကုန်မြို့နှင့်မော်လမြိုင် မြို့များတွင် တရားမျှတမှုစင်တာများဖွင့် လှစ်၍ ဥပဒေဆိုင်ရာ အထောက်အပံ့များ ပေးလျက်ရှိကြောင်း၊ ရန်ကုန်မြို့တွင် အနောက်ပိုင်းခရိုင် ၁၃ မြို့နယ်အတွင်း ဖြစ်ပေါ် သည့် အမှုအခင်းများအားအခမဲ့ အကူအညီပေးနေကြောင်း ဦးကျော်မြင့် က မီဒီယာများသို့ရှင်းလင်းပြော ကြား ခဲ့သည်။

“ဒီဥပဒေရဲ့အားကောင်းချက်က ရုံးတင်တဲ့နေ့အထိစောင့်စရာမလိုဘူး၊ ဖမ်းတဲ့နေ့ကစပြီးလိုက်နိုင်တယ်၊ အမှုမ တင်ခင်ကိုကူညီတဲ့ဥပဒေဖြစ်တယ်၊ ထောင်ကျသွားရင်လည်း ထောင်ထဲအထိ လိုက်နိုင်တယ်၊ အရင် တုန်းကလူသတ်မှု ကို နိုင်ငံတော်ကကူညီတာရှိတယ်၊ အခု လူသတ်မှုတင်မကဘဲ အမှုအားလုံးကူညီ မှာဖြစ်ပါတယ်၊ ဆင်းရဲမှုသတ်မှတ်ချက် ကတော့ အလုပ်အကိုင်၊ ၀င်ငွေ၊ မိသားစု အခြေအနေနဲ့ ရောဂါ အခြေအနေတွေကို ကြည့်တဲ့မူတွေရှိပါတယ်၊ ဒီဥပဒေအမြန် ဆုံးအတည်ပြုပြဋ္ဌာန်းဖို့ကတော့ အတည် ပြုရမယ့်ဥပဒေများအတွက် နောက် လွှတ်တော်ကို အကြွေးမထားခဲ့ချင်ဘူးဆို တဲ့ ပြည်ထောင်စုလွှတ်တော် နာယကကြီး စကားကိုပဲအားကိုးချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာအစိုးရက ကုလသမဂ်္ဂ၏ လမ်းညွှန်မှုများကို လိုက်နာရန်သဘော တူပြီးဖြစ်သဖြင့် ဥပဒေအထောက် အကူ ပြု ဥပဒေကိုကမကြာခင်အတည်ပြု ပြဌာန်းနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

Hot News Journal


No comments:

Post a Comment

My Blog List