Tuesday, June 16, 2015

ဦးကိုကိုကြီးကို တရားစွဲခြင်းမှာ ရွေးကောက်ပွဲ မ၀င်နိုင်အောင် ပြုလုပ်ခြင်း ဟုဆို


ဦးကိုကိုကြီးကို ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းသည် လာမည့်ရွေးကောက်ပွဲတွင် ၀င် ရောက်မယှဉ်ပြိုင်နိုင်ရန် ပြုလုပ် ခြင်းသာဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်က ပြော ကြားလိုက်သည်။

‘‘သူ့ဘက်ကနေ ခွင့်ပြုချက် ကို တင်ပြီးသား။ ဘယ်နေရာမှာ လုပ်မယ်ဆိုတာ ပြောပြီးသား။ ပုဒ်မ ၁၈ အရ ဆို ဘယ်လိုမှ စွဲလို့မရဘူး။ အသိပေးပြီးပြီ။ ခွင့်ပြုတာ၊ မပြုတာ သူ့ကိစ္စ။ သူ့ဘက်ကတင်ခဲ့တာ တောင်ဥက္က လာမှာ။ ကျွန်တော်ကတော့ ကျွန်တော့်သူ ငယ်ချင်း ရွေးကောက်ပွဲဝင်မယ် ဆိုကတည်းက တစ်ခုခုနဲ့တော့ လုပ်မယ်ဆိုတာ အန္တရာယ်အငွေ့အသက်တော့ ကျွန်တော်က ရပြီးသားပါ။ အာဏာသုံးရပ်ဟာ လက်ရှိ ရှိပြီး သားလူတွေ လက်ထဲမှာ ထင်သလိုလုပ်လို့ရနေတယ်လို့ အောက်မေ့တယ်’’ဟု ဦးမင်းကိုနိုင်က ဦးကိုကိုကြီး ကို ပုဒ်မ ၁၉ ဖြင့် အရေးယူထားမှုနှင့် ပတ်သက်၍ ပြောသည်။

တောင်ဥက္ကလာပတွင် အားကစားကွင်း ပြန်လည်ရရှိရန် ဆန္ဒဖော်ထုတ်ရာ၌ ပါဝင်ဟော ပြောမှုကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရပြီး ဇွန်လ ၁၅ ရက်တွင် တရားရုံးသို့ ဆင့်ခေါ်ခံထားရ သည်။ဦးကိုကိုကြီးသည် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု မီဒီယာများအား ပြီးခဲ့သည့် မေလလယ်က ဒီချုပ်နှင့် ၈၈ တို့ ပူးပေါင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အတိအလင်းပြောကြားထားသည်။

‘‘ရွေးကောက်ပွဲတွေနီးမှ ဒီ လိုလုပ်တယ်ဆိုတာ တမင်တိုက် ဆိုင်မှုပါပဲ။ ကျွန်တော်လွှတ်တော် နိုင်ငံရေး ဆောင်ရွက်မယ်လို့ အတိအလင်း ပြောထားပြီးသားပါ။ လွှတ်တော်နိုင်ငံရေး ဘာကြောင့် ဆောင်ရွက်ချင် သလဲဆိုရင် နိုင်ငံ သားတွေရဲ့ အခွင့်အလမ်းတွေကို ကာကွယ်ချင်လို့။ အဲဒီတော့ အခု ကျွန်တော်တို့ ဆောင်ရွက်နေတာ တွေကလည်း အဲဒီအနှစ်သာရ တွေပါပဲ။ လွှတ်တော်နိုင်ငံရေး လုပ်တယ်ဆိုတာဟာ လွှတ်တော် ကိုယ်စားလှယ် အမတ်တစ် ယောက်အတွက် အခွင့်အလမ်း အနေနဲ့ စဉ်းစားတာ မဟုတ်ပါ ဘူး’’ ဟု ဦးကိုကိုကြီးက ပြောသည်။ ရွေးကောက်ပွဲကြီး ကျင်းပ ရန် နီးကပ်လာသည့်အချိန်တွင် တက်ကြွ လှုပ်ရှားသူများအားလုံးကို ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီး အရေးယူထောင်ချထားပြီး ရွေး ကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင် မည့် ဦးကိုကိုကြီးကို ထပ်မံ အရေးယူလိုက်ခြင်းသည် ရွေး ကောက်ပွဲအပေါ် သံသယ ဖြစ်စေ ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်ရှိ ကစားကွင်းကို ပြည်ခိုင်ဖြိုးပါတီက သိမ်းယူပြီး နောက် ကွန်ဒိုတိုက် ခန်းဆောက် လုပ်မှုအပေါ် ၂၀၁၄ ဒီဇင်ဘာ ၂၁ ရက်က ဒေသခံများ ကန့်ကွက်ဆန္ဒပြမှုကြောင့် တောင် ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့က ဦးကိုကိုကြီးကိုပုဒ်မ ၁၉ ဖြင့် အရေးယူထားခြင်းဖြစ်သည်။ လက်ရှိတွင် တက်ကြွလှုပ်ရှားသူ ၂၁၃ ဦးနှင့် နိုင်ငံရေး အကျဉ်းသား ၁၅၉ ဦးတို့ကို အစိုး ရက တရားစွဲဆိုထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း မြန်မာ နိုင်ငံ(AAPP-B)ကသတင်းထုတ်ပြန်ထား သည်။

အဆိုပါစာရင်းမှာ ၂၀၁၅ ဇန်န၀ါရီလကုန်အထိ မြန်မာနိုင်ငံအကျဉ်းထောင် များရှိ နိုင်ငံသား အကျဉ်းသား အရေအတွက်နှင့် တရားစွဲဆိုခံထားရသည့် တက်ကြွလှုပ်ရှားသူအရေအတွက် ဖြစ် ကြောင်း AAPP-B က ဆိုသည်။

7Day News Journal


No comments:

Post a Comment

My Blog List