Thursday, June 18, 2015

မြန်မာနယ်စပ် နတ်မြစ်တွင် ပစ်ခတ်မှု ဖြစ်၍ ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင် တစ်ဦး ဦးဒဏ်ရာရ


မြန်မာနယ်စပ်အနီး တက်ကနက်မြို့နယ် နတ်မြစ်အတွင်း မြန်မာဘက်က ပစ်ခတ်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ်က သတင်း ရရှိသည်။ဒဏ်ရာ ရရှိသူမှာ ဘီပေါ့ ( Bilpob) (၂၁) နှစ်ဖြစ်ကြောင်း သိရပြီး ကော့စ်ဘဇား (ဖလောင်းချိတ်) ဆေးရုံကို တင်ထားရသည်ဟု BDnews24.com တွင်ဖော်ပြထားသည်။

မြန်မာဘက်ကဟု သတင်းတွင် ဖော်ပြထားသော်လည်း အဖွဲ့အစည်းအ မည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။



ကော့စ်ဘဇား ခရိုင်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဒေါက်တာ နိုဘယ်ဘရ၀ါ မှ ၎င်းစစ်သားကို ယနေ့ နံနက် ၉ နာရီကဆေးရုံတင် လာခဲ့သည်ဟု အတည်ပြု ပြောကြားသည်ဟု ယင်းသတင်းတွင် ဖော်ပြသည်။



ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိများမှ ယင်းသတင်း ဖြစ်ပွားကို ကြားသိရကြောင်း ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။



ဒေသခံများ အပြောအရ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့၏ ကင်းလှည့်နေသော ရေယာဉ်မှာ ယနေ့နံနက် အစောကြီးက တိုက်ခိုက်ခံ ခဲ့ရပြီး အတည်ပြုချက် မရနိုင်သေးသော သတင်းအရ ဘင်္ဂလာနယ်ခြားစောင့် တပ်ဖွဲ့ တစ်ဦး ဖမ်းဆီး ခေါ်ဆောင်ခံရသည်ဟု သတင်း ဖြစ်ပေါ်နေကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။


Narinjara

No comments:

Post a Comment

My Blog List