Wednesday, June 17, 2015

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှု ရန်ကုန်တွင် ဆန္ဒပြ


ထိုင်းနိုင်ငံ မဟာချိုင် ဒေသရှိ ထိုင်းယူရေနီယံစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် ခံရမှုအတွက် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သတင်းရရှိ သည်။

အဓမ္မပြုကျင့်ခံရသည့် မြန် မာအမျိုးသမီးမှာ ဧရာဝတီတိုင်း၌ နေထိုင်သည့် အသက်(၁၉)နှစ်အ ရွယ် ကရင်အမျိုးသမီးဖြစ်ပြီး ဇွန် လ ၃ ရက်တွင် အလုပ်မှ အိမ်သို့ ပြန်လာစဉ် ထိုင်းနိုင်ငံသား ခြောက်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

‘‘အခုလို ပြစ်မှုတွေ ကျူးလွန် ခံရသူတွေ ထိုင်းနိုင်ငံမှာ ရာနဲ့ချီ ပြီးရှိပါတယ်။ ဒီလိုလူမျိုးတွေကို အစိုးရအနေနဲ့ သူတို့တိုင်းပြည်ဥပ ဒေအတိုင်း အရေးယူပြဖို့ တောင်း ဆိုပါတယ်။ ကျန်နေသေးတဲ့ တရားခံ လေးဦးကို လည်း အမြန် ဖော်ထုတ်ပေးဖို့နဲ့ အခုအမျိုးသမီး ကိုလည်း ကာကွယ်စောင့်ရှောက် ပေးဖို့ တောင်းဆိုထား တယ်’’ဟု ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ဆရာတော် ဦးပါမော က္ခက မိန့်ကြားသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံသား များ မတရားပြုခံရမှုများကို မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် ထိုင်းနိုင်ငံအစိုးရထံသို့ တရားဝင် ကန့်ကွက်စာများပို့ပေး ရန် တာဝန်ရှိကြောင်း ဆန္ဒထုတ် ဖော်ပွဲတွင် ပါဝင်သူ ဦးအောင်မြိုင် က ပြောသည်။

‘‘ကျွန်တော်တို့ လှေစီးဒုက္ခ သည်ဆိုတဲ့ ဘင်္ဂါလီတွေ ဝင်လာ တုန်းကလည်း မြန်မာပြည်ကို ထိုင်းက စွပ်စွဲဖူး တယ်။ အဲဒီတုန်းကလည်း မြန်မာပြည်က တာဝန် ရှိသူ ပြတ်ပြတ်သားသား ငြင်းခဲ့တယ်။ အခုလို အနိုင်ကျင့် ခံနေရတဲ့ ကိစ္စတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးတွေ လုပ်ဆောင်ပေးသင့်ပါတယ်’’ဟု ၎င်းက ဆက် လက် ပြောကြားသည်။

ဇွန်လ ၁၆ ရက်တွင် ထိုင်းသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခွင့်မရခဲ့သော်လည်း ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား ကာကွယ်ပေးရန်နှင့် ယခုဖြစ်ပွားခဲ့သည့်အမှုကို အမြန်ဆုံးဖော် ထုတ် ပေးရန် ထိုင်းသံအမတ်ထံသို့ စာပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့၌ ဇွန် လ ၁၆ ရက်တွင် ဆန္ဒပြရန် အမျိုး သားအရေး လှုပ်ရှားသူများက သက်ဆိုင်ရာနယ်မြေအာဏာပိုင်များထံ ခွင့်ပြုရန် တောင်းခံခဲ့သော်လည်း အာဏာပိုင် များက ဗဟန်း မြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်း၌သာ ပြုလုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ၍ ရန်ကုန်၊ ဗိုလ်စိန်မှန်ကွင်း၌ သံဃာတော်များနှင့် လူများဆန္ဒထုတ်ဖော်နေစဉ်(ဓာတ်ပုံ - နစ်ကီ)
7Day Daily


No comments:

Post a Comment

My Blog List