Wednesday, June 17, 2015

SEA Games ရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာ မြန်မာအသင်းက (၄)ယောက်ပါဝင်ခဲ့


SEA Games ရဲ့ ဘောလုံးပြိုင်ပွဲ အတွင်းမှာ ယှဉ်ပြိုင် ခဲ့တဲ့ အသင်းတွေထဲက အကောင်းဆုံး ကစားသမား (၁၁)ယောက်ကို Foot Ball Channel Asia က ရွေးချယ်ရာမှာ မြန်မာ အသင်းက (၃)ယောက် ပါဝင်ခဲ့ပြီး၊ အရံကစားသမား (၇)ယောက်အဖြစ် ထားရှိရွေးချယ်ရာမှာ မြန်မာအသင်းက (၁)ယောက် ပါဝင်ခဲ့ပါတယ်။ First Line up (၁၁)ယောက်ကို 3-5-2 ပုံစံနဲ့ရွေးခဲ့တာဖြစ်ပါတယ်။

မြန်မာသင်းက ကစားသမားတွေ ကတော့ ဂိုးသမား ကျော်ဇင်ဖြိုး၊ နေလင်းထွန်း (အလယ်တန်းနဲ့၊ အသင်း ခေါင်းဆောင်)၊ စည်သူအောင် (အလယ်တန်း ဘယ်တောင်ပံ)၊ ဟိန်းသီဟဇော် (ဘယ်နောက်ခံ) တို့ဖြစ် ပါတယ်။ ဟိန်းသီဟဇော်က အရံထဲမှာ ပါခဲ့ပြီး ကျန် (၃)ယောက်ကတော့ First Line up ထဲမှာ ပါခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမား ကျော်ဇင်ဖြိုးကို ရွေးချယ်ရတဲ့ အကြောင်းအရင်းကို သူတို့က ဒီလိုရှင်းပြ ခဲ့ပါတယ်။ အဆိုပါ (၂၁)နှစ်၊ မကွေး ကလပ်က မြန်မာဂိုးသမားဟာ အုပ်စုပါတ်လည် ပြိုင်ပွဲ (၄)ပွဲ ကစားရာမှာ (၄)ဂိုးသာ ပေး လိုက်ရပြီး အသင်းကို ဆွဲခေါ်လာခဲ့ကြောင်း နဲ့ ဖိုင်နယ်ပွဲမှာ ထိုင်းတို့ရဲ့ သွင်းဂိုးတွေကို သတိရှိရှိနဲ့ အံ့မ ခန်း ကာကွယ်နိုင်ခဲ့ကြောင်း ၊ ပြိုင်ပွဲတစ်လျှောက်မှာ ချွင်းချက်မရှိ အကောင်းဆုံး ဂိုးသမား ဆိုတာ ပြသနိုင် ခဲ့ကြောင်း ၊သူ့အသင်း ဘက်ကသာ ဒီ့ထက်ပိုပြီး တောင့်တင်းခဲ့မယ် ဆိုလျှင် ချန်ပီယံအထိ ပို့ပေးနိုင်မယ့် ကစားသမား ဖြစ်ကြောင်း ချီးကျူး ရေးသားထားပါတယ်။

အသင်းခေါင်းဆောင် နေလင်းထွန်းကို ရွေးချယ်ရတဲ့ အကြောင်းအရင်းကိုတော့-

အဆိုပါ (၂၂)နှစ်အရွယ် ကစားသမားဟာ သူ့နိုင်ငံ အသင်းရဲ့ ကျောရိုး ကစားသမား ဖြစ်ကြောင်း နဲ့ အသင်းက ကစားသမားတွေကို ဦးဆောင်မောင်းနှင် နိုင်ခဲ့ကြောင်း ၊ကွင်းလယ်ကနေ ဘောလုံးတွေ ထိရောက်စွာ ဖြန့်နိုင်ခဲ့တဲ့အပြင် တိုက်စစ်ကို လိုက်ပါနိုင်တဲ့ ကစားသမားဖြစ်ကြောင်း ရေးသားထားပြီး အဆိုပါ ဧရာဝတီယူနိုက်တက် ကစားသမားဟာ သွင်းဂိုး (၃)ဂိုးနဲ့ အတူ အသင်းကို ဖိုင်နယ်သို့ ဆွဲခေါ် ပေးခဲ့သူဟု ရေးသားထားပါတယ်။

စည်သူအောင် ကိုရွေးချယ်ရခြင်း အကြောင်းအရင်းကိုတော့ သူတို့က ဒီလိုဆိုပါတယ်။

အဆိုပါ ကစားသမားဟာ ယခု SEA Games ရဲ့ အထင်ပေါ်ဆုံးတွေထဲက တစ်ယောက် ဖြစ်ကြောင်း အစချီ ရေးသားထားပြီး၊ အကြောက်အလန့်ကင်းသူဖြစ်ကြောင်း သွက်လက်ပြီး သူ့ခြေထောက်ဟာ တဘက်အ သင်းအပေါ် လှည့်စားနိုင်စွမ်းရှိကြောင်း ရေးသားထားပါတယ်။ ဆက်လက်ပြီး အဆိုပါ (၁၈)နှစ်သား ရတနာပုံ ကလပ်အသင်းရဲ့ ကစားသမားဟာ ဒီဆီးဂိမ်းမှာ (၅)ဂိုးသွင်း ယူနိုင်ခဲ့သလို ကွင်းလယ် ကစားသ မား တစ်ယောက်က ထိုမျှအထိ သွင်းယူနိုင်ခဲ့ ခြင်းက သူ့ရဲ့ စကေးကို ပြနေကြောင်း နှင့် မြန်မာအသင်းရဲ့ အင်တာနေရှင်နယ် လယ်ဗယ် အဆင့်ရှိတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူးရေးသားထားပါတယ်။

Football Channel Asia ကရွေးချယ်ခဲ့တဲ့ ပထမ (၁၁)ယောက်ကတော့
ဂိုးသမား
======
ကျော်ဇင်ဖြိုး (မြန်မာ)
နောက်တန်း
=======
Que Ngoc Hai (ဗီယက်နမ်)
Artit Daosawang – (ထိုင်း)
Tanaboon Kesarat – (ထိုင်း)
အလယ်တန်း
=========
Vo Huy Toan – (ဗီယက်နမ်)
နေလင်းထွန်း (မြန်မာ)
Evan Dimas (အင်ဒိုနီးရှား)
Chanathip Songkrasin – (ထိုင်း)
စည်သူအောင် – (မြန်မာ)
ရှေ့တန်း
======
Nguyen Cong Phuong – (ဗီယက်နမ်)
Chananan Pombuppha – (ထိုင်း)
အရံကစားသမား (၇)ဦး
===============
ဟိန်းသီဟာဇော် (မြန်မာ)
Chanin Sae-Eae (ထိုင်း)
Mac Hong Quan (ဗီယက်နမ်)
Keo Sokpheng (ကမ္ဘောဒီးယား)
Syahrul Azwari (မလေးရှား)
Faris Ramli (စင်္ကာပူ)
Paulo Sitanggang (အင်ဒိုနီးရှား) တို့ဖြစ်ပါတယ်။
(မူရင်းလင့်http://footballchannel.asia/2015/06/16/post4464/)
မောရစ်
Football Café


No comments:

Post a Comment

My Blog List