Tuesday, June 16, 2015

မြန်မာယူ၂၃ အသင်း တော်တော် တော်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ယနေ့ ဇွန်လ ၁၆ ရက်နေ့နံနက်က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော အဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော မြန်မာယူ ၂၃ အသင်းတော်ကြောင်းနှင့် ကျေနပ်ကြောင်း ကို သတင်းမီဒီယာများက တွေ့ဆုံမေးမြန်းစဉ်ဖြေ ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ပြောကြားရာတွင် “ တယ်လီဗွီးရှင်းပေါ်မှာ ဘယ်ဘောလုံးပွဲကိုမှ အစကနေအဆုံး မကြည့်ဘူးဘူး မနေ့ညကဘဲ အစကနေအဆုံး ကြည့်ပါတယ်။ ကျေနပ်ပါတယ်။ ဒီလောက် တက်လာတာ လေ။ တော်တော်ကို တော်တယ် လို့။ ဒီလိုပဲပြောရမှာပဲ။ 

ဘာလို့လဲဆိုတော့ အန်တီတို့နိုင်ငံကနေ ဒီလိုစကစားတာ သိပ်မှမကြာသေးဘဲ"ဟု ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများ၏ အမေးကို ဖြေကြားခဲ့ကြောင်း သတင်းရရှီပါသည်။

The Ladies News Journal


No comments:

Post a Comment

My Blog List