Tuesday, June 16, 2015

မြန်မာယူ ၂၃ အသင်းကို ပြည်သူ့ချန်ပီယံများဟု သမ္မတ ဦးသိန်းစိန် ဂုဏ်ပြုပြောကြား





စင်ကာပူ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်ပြီး ငွေတံဆိပ်ရခဲ့တဲ့ မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ချီျးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ဆီးဂိမ်းဘောလုံး ဗိုလ်လုပွဲယှဉ်ပြိုင်ပြီးချိန် ဇွန် ၁၅ ရက် ညပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စင်ကာပူမှာ ရောက်ရှိနေတဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းထံ ဖုန်းဆက်ပြီး ပြောကြားခဲ့တာလို့ နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြပါတယ်။

ဦးသိန်းစိန်က မြန်မာဘောလုံးအသင်း ကစားသမားများ အနေဖြင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်နိုင်ခဲ့မှု အပေါ် ဂုဏ်ပြုပါကြောင်း၊ ရွှေတံဆိပ် မရရှိခဲ့သော်လည်း နိုင်ငံ့ဂုဏ်ဆောင်ခဲ့မှုအပေါ် မြန်မာပြည်သူ တရပ်လုံးကိုယ်စား ဂုဏ်ယူမိပါကြောင်း၊ အသင်းသား အားလုံးသည် ပြည်သူ သန်း ၅၀ ကျော်၏ ရင်ထဲမှ ချစ်ခြင်းမေတ္တာကို ရရှိထားပြီး ဖြစ်ပါကြောင်း၊ မြန်မာအသင်းနည်းပြ ဦးကြည်လွင် ခေါင်းဆောင်သည့် ဘောလုံးသမားများနှင့် တာဝန်ရှိသူအားလုံး ပြည်သူများ၏ ချန်ပီယံများဖြစ်သည်ကို ဂုဏ်ပြုပြောကြားလို ပါကြောင်း ပြောပါတယ်။

အလားတူ လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း အကောင်းဆုံး ကြိုးစားခဲ့မှုအတွက် ဂုဏ်ယူတဲ့ အကြောင်း သူ့ရဲ့ လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာ “ဇွဲစိတ်ဓာတ်အပြည့်ဖြင့် အကောင်းဆုံးယှဉ်ပြိုင် ကစားခဲ့ကြသော မြန်မာ ယူ ၂၃ အသင်းအား ဂုဏ်ပြုချီျးကျူးပါသည်။ အနာဂတ်ကာလများမှာ မြန်မာပြည် သားအားလုံး မျှော်လင့်ထားတဲ့ အောင်မြင်မှုများကို မလွဲမသွေရယူသွားနိုင်ကြမယ်လို့ မိမိမှ ယုံကြည်ပါ သည်။” လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာ ယူ ၂၃ ဘောလုံးအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ထိုင်း ယူ ၂၃ အသင်းနဲ့ ဇွန် ၁၅ ရက် မြန်မာစံတော်ချိန် ည ၇ နာရီက ယှဉ်ပြိုင်ကစားခဲ့ပြီး ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဒုတိယ ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

DVB


No comments:

Post a Comment

My Blog List