Wednesday, June 17, 2015

အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဒဏ်တသက်ချမှတ်


အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို နိုင်ငံခြား စစ်သွေးကြွအုပ်စုတွေနဲ့ လျှို့ဝှက် ကြံစည် ပူးပေါင်းမှုနဲ့ ဆက်နွယ်ပြီး အီဂျစ်တရားရုံးတရုံးက ထောင်ဒဏ်တသက် ချမှတ်လိုက်တယ်လို့ နိုင်ငံပိုင်ရုပ်သံကထုတ်လွှင့် သွားပါတယ်။

မွတ်စလင်ညီအကိုတော်များအဖွဲ့က မိုဟာမက်ဘာဒီကိုလည်း ဒီအမှုနဲ့ပဲ ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက် ပါတယ်။

နောက်ထပ် ညီနောင်များအဖွဲ့က အဆင့်မြင့်ပုဂ္ဂိုလ်တွေဖြစ်တဲ့ အက်ဆမ် အယ်လ် အီရီယန်နဲ့ ဆာအဒ် အယ်လ်ခါတက်နီတို့ အပါအ၀င် ၁၇ ယောက်ကို လည်း ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။

မွတ်စလင်ညီအကိုတော်များအဖွဲ့ခေါင်းဆောင် ခိုင်ရတ် အယ်လ် ရှာတာ၊ မိုဟာမက် အယ်လ် ဘက်လ်တာဂီ နဲ့ အာမက် အဗ္ဗဒလ်လာတီတို့ကိုတော့ ဒီပြစ်မှုနဲ့ပဲ သေဒဏ် ချမှတ်ပါတယ်။

ဒါ့အပြင် တရားရုံးကို ရောက်မလာတဲ့ နောက်လိုက် ၁၃ ယောက်ကိုလည်း သေဒဏ်တွေ ချမှတ်ခဲ့ပြီး ဒီပြစ်ဒဏ်စီရင်ချက်တွေကို အယူခံဝင်နိုင်ပါတယ်။

သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ဆန့်ကျင်ဆန္ဒပြတဲ့ အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ် မှု၊ ပြန်ပေးဆွဲမှု၊ ရဲတပ်ဖွဲ့ အဆောက်အဦတွေကို တိုက်ခိုက်မှု၊ ထောင်ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့တာတွေ ကြောင့် တရားရုံး ဟာ မိုဟာမက်မော်စီနဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ရဲ့ ထိပ်တန်းခေါင်း ဆောင် မိုဟာမက် ဘာဒီ အပါအ၀င် နောက်လိုက် အဖွဲ့ဝင်တွေကို သေဒဏ် စီရင်ဖို့ နည်းလမ်းရှာနေခဲ့တာပါ။

သမ္မတဟောင်း မိုဟာမက်မော်စီဟာ အီဂျစ်နိုင်ငံမှာ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံသမ္မတ ဖြစ်ပြီး ၂၀၁၃ ခုနှစ် စစ်တပ်က အာဏာ သိမ်းပြီး သမ္မတအဖြစ်က ဖယ်ရှားခံရတာ ဖြစ်ပါတယ်။

စစ်ဦးစီးချုပ်ဟောင်း အယ်လ်စီစီ ဦးဆောင်တဲ့ ၂၀၁၃ အာဏာသိမ်းမှုမှာ သူ့ကို ဖယ်ရှားချင်လို့ ဥပဒေပုဒ်မ တွေတပ်ပြီး တရားရုံးက ဥပဒေမဲ့ လုပ်ဆောင်တယ်လို့ မော်စီက ပြောဆိုခဲ့ပါတယ်။

လက်ရှိသမ္မတ ဖြစ်နေတဲ့ စီစီကတော့ မွတ်စလင်ညီအကိုတော်များအဖွဲ့ဟာ နိုင်ငံတော်လုံခြုံရေးကို အထူးခြိမ်းခြောက်နေတဲ့အဖွဲ့လို့ ဖော်ညွှန်းခဲ့ပေမယ့် အဲဒီအဖွဲ့ကတော့ သူတို့ဟာ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှု တွေကို ဆောင်ရွက်တယ် လို့ ပြောဆိုထားပါတယ်။

DVB

No comments:

Post a Comment

My Blog List