Friday, June 19, 2015

ESPN မှ ဆီးဂိမ်းပြိုင်ပွဲ အကောင်းဆုံးအားပေးသူအဖြစ် မြန်မာပရိသတ်ကို ရွေးချယ်









ကမ္ဘာကျော် အားကစားသတင်းဌာန ESPN က မြန်မာပရိသတ်တွေကို အကောင်းဆုံး အားပေးသူတွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ESPN  ရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ စင်ကာပူဆီးဂိမ်းပြိုင်ပွဲ သုံးသပ် မှုမှာ အခုလို ဖော်ပြခဲ့တာပါ။

ESPN ရဲ့ သတ်မှတ်ချက်မှာ အကောင်းဆုံးအသင်းကို ထိုင်း၊ အညံ့ဆုံး အသင်းကို  စင်ကာပူ၊ အကောင်း ဆုံးကစားသမားကို ထိုင်းအသင်းက Sarach Yooyen၊ အကောင်းဆုံးအားပေးသူများကို မြန်မာ၊ ရှက်ဖွယ် အကောင်းဆုံး ဖြစ်ရပ်ကို မလေးရှားကစားသမား Nazmi Faiz တံတွေးနဲ့ ထွေးခဲ့တဲ့ကိစ္စနဲ့ အကောင်းဆုံးဂိုး ကို ထိုင်းအသင်းက Chanathip အင်ဒိုနီးရှားဘက်ကို သွင်းတဲ့ဂိုး စသည်ဖြင့် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပရိသတ်တွေအကြောင်း ရေးသားရာမှာတော့ မြန်မာ မြန်မာဆိုတဲ့ နိုင်ငံအမည်ကို ရွတ်ဆိုရင်းနဲ့ သူတို့ရဲ့ သူရဲကောင်းတွေကို အားအင်တွေ ပေးခဲ့ကြသလို့ နိုင်ငံတော်သီချင်းကို သီဆိုပြီး စိုးရွံ့မှုတွေ ပျောက်အောင် အားပေးခဲ့ကြတယ်။

မြန်မာပရိတ်သတ်ဟာ သူတို့ရဲ့ အဆင့်အတန်း မြင့်မားမှုကို ပြသခဲ့ကြပြီး ထိုင်းအသင်းကို အားလုံးဝိုင်းပြီး မတ်တပ်ရပ် သြဘာပေးပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်လို့လည်း ရေးသားထားပါတယ်။

ယူလာတဲ့ အမှိုက်အိတ်တွေ ထုတ်ပေးပြီး အမှိုက်တွေ သိမ်းသွားဖို့လည်း တိုက်တွန်းခဲ့ကြပြီး ဒီလောက် အံ့အားသင့်ဖွယ်ကောင်းတဲ့ ပရိသတ်ကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်လို့ ဖော်ပြထားပါတယ်။

DVB


No comments:

Post a Comment

My Blog List