Wednesday, June 17, 2015

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တရုတ်နှင့် အီရတ် ဆွေးနွေး


တရုတ်နဲ့အီရတ် ၂ နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီနဲ့ အီရတ်နိုင်ငံခြားရေးဝန်ကြီး အီဗရာဟင်မ် အလ် ဂျာဖာရီတို့ ပေကျင်းမြို့ တော်မှာ ဇွန် ၁၆ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

အီရတ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသက ယုံကြည်အားထား အရေးပါတဲ့ စီးပွားဘက်လို့ ခေါ်ဆိုပြီး တရုတ်နိုင်ငံဟာ အီရတ်နိုင်ငံရဲ့ မိတ်ဆွေတဦး အဖြစ် လိုအပ်ချက်တွေအပေါ် အခြေခံပြီး အကူအညီတွေ ဆက်လက်ပံ့ပိုး ဖြည့်ဆည်းပေးသွားဖို့ ဆန္ဒရှိကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။

အီရတ်နိုင်ငံတွင်းက တရုတ်လူမျိုးတွေနဲ့ အဖွဲ့အစည်းတွေကို ကာကွယ် စောင့်ရှောက်ပေးတဲ့ အီရတ်နိုင်ငံရဲ့ စွမ်းဆောင်ချက်တွေကို တရုတ်အစိုးရက အလေးထားပါကြောင်းနဲ့ အီရတ်အစိုးရအနေနဲ့ သူတို့ကို ကာ ကွယ်စောင့် ရှောက်ရာမှာ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ ဆက်လက်လုပ်ဆောင် ပေးဖို့ မျှော်လင့်ပါ ကြောင်းလည်း ဆိုပါတယ်။

အီရတ်ဝန်ကြီးချုပ်ကလည်း နိုင်ငံတကာရေးရာ ကဏ္ဍတွေမှာ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အရေးပါမှုတွေကို အီရတ်အစိုးရက အလေးထားပါကြောင်းနဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေ မှာ တရုတ် အစိုးရရဲ့ ကူညီမှုတွေကို ကျေးဇူးတင်ပါကြောင်း၊ ရှေ့ကာလမှာလည်း ဆက်လက်ကူညီပေးဖို့ မျှော်လင့်ပါကြောင်း ပြောပါတယ်။

အီရတ်အစိုးရအနေနဲ့ တရုတ်လူမျိုးတွေနဲ့ အဖွဲ့အစည်းတွေကို ကာကွယ်ပေးဖို့ နည်းလမ်းရှိသမျှ လုပ်ဆောင် ပေးသွားမယ့်အကြောင်း၊ အီရတ်နိုင်ငံမှာ တရုတ်စီးပွားရေး လုပ်ငန်းတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့နဲ့ စီးပွား ရေး ပြန်လည်ထူထောင်ရေးမှာလည်း ပါဝင်ဖို့ ကြိုဆိုပါကြောင်း ပြောသွားပါတယ်။

DVB


No comments:

Post a Comment

My Blog List