Tuesday, June 16, 2015

သမ္မတအစဉ်လာရှိတဲ့ မိသားစုဝင် Jeb Bush ရွေးကောက်ခံမယ်


ရီပါပလေကန် လွှတ်တော်အမတ် Jeb Bush က သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။ Jeb Bush ဟာ သမ္မတဟောင်း George Bush ရဲ့သားဖြစ်သလို သမ္မတဟောင်း George W. Bush ရဲ့ ညီလည်း ဖြစ်ပါတယ်။

အရင်တုန်းက ဖလော်ရီဒါ ပြည်နယ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ လည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ပြီး နောက် မိုင်ယာမီ မြို့ ကောလိပ် ကျောင်းတစ်ခုရဲ့ ဟောပြောပွဲမှာ သမ္မတလောင်းအဖြစ် ရွေးကောက်ခံမယ့်အကြောင်း Jeb Bush က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဖလော်ရီဒါ ပြည်နယ်ချုပ် ဖြစ်ခဲ့တုန်းက အလုပ်အကိုင်တွေ ရရှိအောင် ဖန်တီးနိုင်ခဲ့သလို အသေးစား စီးပွားရေးလုပ်ငန်းတွေ ပိုများလာအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

သမ္မတ ဖြစ်လေ့ရှိတဲ့ သူ့မိသားစုရဲ့ အရိပ်အဝါသကို မခံယူပဲ သူကိုယ်တိုင် လုပ်ဆောင်နိုင်ကြောင်းကို ပြသမှာ ဖြစ်ပြီး နေရာအစုံမှာ မဲဆွယ်စည်းရုံးမှု လုပ်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲကို ၂၀၁၆ ခုနှစ်မှာ ကျင်းပဖို့ရှိပါ တယ်။

Jeb Bush ကို ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီမဆိုထားတဲ့ ရီပါပလေကန် ပါတီအတွင်းက တခြား ပြိုင်ဘက်တွေလောက်တောင် ပြည်သူတွေက မကြိုက်ကြဘူးလို့လည်း သုံးသပ်နေကြပါတယ်။

ABC


No comments:

Post a Comment

My Blog List