Monday, June 15, 2015

လှေစီးဘင်္ဂါလီများ အမြန်ဆုံး ဖယ်ရှားပေးရန် ရခိုင်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်



လှေစီးဒုက္ခသည် ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ ပြည် ထောင်စုအစိုးရကို ကန့်ကွက်သည့်အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်မြို့နယ်တွင် ဇွန်လ ၁၄ ရက်မွန်းတည့် ၁၂ နာရီမှ စတင် ၍ တစ်ပြိုင်နက်တည်း ဆန္ဒထုတ် ဖော်ခဲ့သည်။ရခိုင်ပြည်နယ် ၁၇ မြို့နယ် အနက် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ တွင် လူဦးရေ ရှစ်ထောင်ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားအရေးဆောင်ရွက်သည့် စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြော သည်။
‘‘ကျွန်တော်တို့စီစဉ်ထားတဲ့ အတိုင်း မိုးရွာပေမယ့် ဒေသခံ တစ်ထောင်ကျော်လောက် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အဓိက ဘင်္ဂါလီတွေနဲ့ပတ်သက်လာရင် ရခိုင်ပြည်မှာပဲ ပုံချတာကို မကျေ နပ်လို့ဖြစ်ပါတယ်။ ပြီးတော့ အခု တောင်ပြိုလက်ဝဲမြို့မှာ ရှိနေတဲ့ လှေစီးဘင်္ဂါလီတွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ ဆန္ဒထုတ်ဖော်ရ တာဖြစ်ပါတယ်’’ဟု မြောက်ဦးမြို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သူ ကိုထွန်းနေဝင်းက ပြောသည်။

‘‘ဖျာပုံက ဖမ်းမိတဲ့ဘင်္ဂါလီ တွေကိုလည်း ရခိုင်ကို ပို့တာ လုံးဝအဓိပ္ပာယ်မရှိဘူး။ အခု ဒီမှာကယ် ဆယ်ရေးစခန်းဖွင့်ထားတဲ့ အထဲ ကနေ ထွက်ပြေးတာတွေလည်း ရှိနေတယ်။ သူတို့ထွက်ပြေးရင် အရင်ရှိနေတဲ့ လူတွေနဲ့ လုံးဝခွဲလို့ ရတာမဟုတ်ဘူး။ အဲဒါကို စိုးရိမ် တယ်။ အဲဒီပြဿနာ ကြီးပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ ထိထိ ရောက်ရောက် ကိုင်တွယ်စေချင် ပါတယ်’’ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သည့် ရခိုင်လူမှု ကွန်ရက်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ကြွေး ကြော်သံများအဖြစ် ‘ရေမျော ကမ်းတင် ဘင်္ဂါလီများ ရခိုင်တို့နှင့် လုံးဝမဆိုင်၊ ရခိုင်ပြည်က ပြဿနာ ပြည်ထောင်စုမှာ တာဝန်မရှိလား’ဆိုသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြကြောင်း သတင်း ရရှိသည်။

ဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ − မောင်ကံ)
7Day Daily



No comments:

Post a Comment

My Blog List