Monday, June 15, 2015

သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံပြည်သူများ ပြန်လွှတ်ပေးရန် ပြည်သူ့ဂုဏ်ရည်အသင်းတောင်းဆို



လက်ပံတန်းကျောင်း သားသပိတ်တွင် ဖမ်းဆီးခံထားရ သည့်ကျောင်းသား၊ ကျောင်းသူ များနှင့်ဝန်းရံပြည်သူများကို ပြန် လွှတ်ပေးရန် အမေရိကန်ပြည် ထောင်စုရှိ မြန်မာတိုင်းရင်းသား များတည်ထောင်ထားသော ပြည် သူ့ဂုဏ်ရည်အသင်းက တောင်း ဆိုလိုက်သည်။ ‘‘နိုင်ငံအပြောင်းအလဲမှာ အရေးပါတဲ့ ဒီမိုကရေစီပညာရေး စနစ်ကို တက်တက်ကြွကြွလှုပ် ရှားခဲ့တဲ့ ကျောင်းသား၊ ကျောင်း သူတွေကို အင်မတန်မှဂုဏ်ပြုသင့်၊ ဂုဏ်ပြုရမယ့်အစား ဖမ်းဆီး အကျဉ်းချထားတာဆိုတာ မသင့် တော်တဲ့လုပ်ရပ်လို့ ယုံကြည်တဲ့ အတွက် ဒီလူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်’’ဟု ပြည်သူ့ဂုဏ်ရည် အသင်းဥက္ကဋ္ဌဦးဝေလဝင်းက ပြောသည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ဇွန်လ ၁၄ ရက်တွင် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူနှင့် အထူးဆုနှစ်ဆုရရှိသူများအား ဆုနှင့်ဆုကြေးငွေလွှဲပြောင်းပေးအပ်ပွဲ၌ ၎င်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

ဆဋ္ဌမအကြိမ်မြောက် ပြည် သူ့ဂုဏ်ရည် ၂၀၁၅ ဆုရှင်အဖြစ် သာယာဝတီထောင်တွင် ဖမ်းဆီး ခံထားရသည့် အသက် (၂၇)နှစ် အရွယ် မဖြိုးဖြိုးအောင်အား ရွေး ချယ်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကျောင်းသားသပိတ် တွင်ပါဝင်မှုဖြင့် အမှုရင်ဆိုင်နေရ သည့် ဒီမိုကရေစီပညာရေးပင်မ သပိတ်စစ်ကြောင်းနှင့် ဗကသ အထွေထွေအတွင်းရေးမှူးမဖြိုး ဖြိုးအောင်ကိုယ်စား ၎င်း၏ ဖခင် ဒေါက်တာနေဝင်းက ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သောင်း နှင့် ဆုလက်ခံရယူခဲ့သည်။

ပြည်သူ့ဂုဏ်ရည်အထူးဆု နှစ်ဆုကို အခမဲ့ဇီဝိတဒါန ဆေး ခန်းဖွင့်လှစ်ထားသူ ဒေါက်တာ နန္ဒဝင်းနှင့် တစ်နိုင်တစ်ပိုင်အခမဲ့ စာကြည့်တိုက်ဖွင့်လှစ်သူ ကိုဇော် ဇော်(မန္တလေးစာကြည့်တိုက်)တို့ အား ကန်ဒေါ်လာတစ်ထောင်စီ ဖြင့် ပူးတွဲဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၁၀ ပြည့်နှစ်က ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ ဖြင့် စုပေါင်းဖွဲ့စည်းတည်ထောင် ခဲ့သည်။ ၂၀၁၀ မှစတင်၍ မြန်မာ နိုင်ငံမှ ကိုယ်ကျိုးစွန့်၍ အများ အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေသူများအား နှစ်စဉ် ရွေးချယ်၍ ဆုများပေးအပ်ခဲ့ သည်။

ပြီးခဲ့သည့်နှစ် ပဉ္စမအကြိမ် မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် အဖြစ် စေတနာ့ဝန်ထမ်းလူမှုရေး လုပ်ငန်းများဆောင်ရွက်နေသည့် စာရေးဆရာမသန်းမြင့်အောင်နှင့် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များ အဖြစ် တစ်ကိုယ်တော်ပရဟိတ သမားများကွန်ရက်မှ မခင်နှင်း ကြည်သာ၊ ပန်းစကားနှင့် One More အဖွဲ့တို့ရရှိခဲ့သည်။

ယခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုရှင်မဖြိုးဖြိုးအောင်မှာ လက်ရှိ တွင် ကျောင်းသားသပိတ်ကိုဦး ဆောင်မှုကြောင့် သာယာဝတီ ထောင်တွင် ဖမ်းဆီးခံထားရပြီး လက်ပံတန်းမြို့နယ်တရားရုံးက မဖြိုးဖြိုးအောင်နှင့် ကျောင်းသား များအပါအဝင် ဝန်းရံပြည်သူများ နှင့် ရန်ကုန်မြို့၌ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင်ကိုနန္ဒ စစ်အောင်တို့ကို ဥပဒေနှင့်ဆန့် ကျင်သောအစုအဝေး၌ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန်အမိန့်ပေး ပြီးနောက် ဆက်လက်ပါဝင်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂နှင့် နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)တို့ ဖြင့် တရားစွဲဆိုထားသည်။

ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားအပြီး စုပေါင်းဓာတ်ပုံရိုက်ကူးစဉ်(ဓာတ်ပုံ - ဇေနွေထွန်း)
7Day Daily



No comments:

Post a Comment

My Blog List