Monday, June 15, 2015

ဗိုလ်လုပွဲမတိုင်မီ ဂိုးသွင်းအများဆုံး စာရင်း၌ စည်သူအောင် ဦးဆောင်



ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်မီအထိ သွင်းဂိုးငါးဂိုး သွင်းယူထားသည့် မြန်မာ ယူ-၂၃ အသင်းမှ ကွင်းလယ်ကစား သမား စည်သူအောင် သည် ဂိုးသွင်းအများဆုံးစာရင်း၌ ဦးဆောင်နေသည်။အုပ်စုပွဲများအပြီးတွင် စည်သူအောင်သည် ထိုင်းတိုက်စစ်မှူး ချန်နာနမ်၊ အင်ဒိုနီးရှားကွင်းလယ် ကစားသမား အီဗန်တို့နှင့်အတူ သွင်းဂိုးလေးဂိုးသွင်းယူကာ ဂိုး သွင်းအများဆုံးစာရင်း၌ ပါဝင်ခဲ့ သည်။ 



သို့သော် စည်သူအောင်က ဗီယက်နမ်နှင့် အကြိုဗိုလ်လုပွဲ၌ ပင်နယ်တီမှတစ်ဆင့် သွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူနိုင်သော်လည်း ထိုင်းနှင့် အင်ဒိုနီးရှား ယှဉ်ပြိုင်ခဲ့ သည့် အခြား အကြိုဗိုလ်လုပွဲ၌ ချန်နာနမ်နှင့် အီဗန်တို့က ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိပေ။

ထို့ကြောင့် မြန်မာအသင်းမှ စည်သူအောင်က ဆီးဂိမ်းတတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲ မတိုင်မီ ဂိုးသွင်းအများဆုံးစာရင်း၌ တစ် ဦးတည်း ဦးဆောင်နေခြင်းဖြစ် သည်။ ထိုင်းတိုက်စစ်မှူး ချန်နာ နမ်နှင့် အင်ဒိုနီးရှားကွင်းလယ်က စားသမား အီဗန်တို့မှာ သွင်းဂိုး လေးဂိုးဖြင့် ဒုတိယနေရာ၌ ရပ် တည်နေသည်။

7Day Daily



No comments:

Post a Comment

My Blog List