Friday, April 03, 2015

နိုင်ငံတကာ ကလေး အလှမယ် ပြိုင်ပွဲသို့မြန်မာနိုင်ငံ ကိုယ်စားပြုလေးနှစ် ခွဲအရွယ် ချစ်ချစ်တုန် ၀င်ရောက် ယှဉ်ပြိုင်မည်



စင်္ကာပူနိုင်ငံတွင်ပြုလုပ်မည့် Mini Miss International 2015 (နိုင်ငံတကာ ကလေး အလှမယ်) ပြိုင်ပွဲ သို့မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ရန် အသက်လေးနှစ်ခွဲ အရွယ်ရှိ မချစ်ချစ်တုန် ကို Style Plus H ကစေလွှတ်မည်ဖြစ်ကြောင်း Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက မဇ္ဈိမကိုပြောသည်။


ပြိုင်ပွဲကို စင်္ကာပူနိုင်ငံတွင် ၁၅ကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး Style Plus H မှမြန်မာနိုင်ငံ ကိုယ် စားပြု အဖြစ် ပထမ ဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင် ရန်စေလွှတ်ခြင်းဖြစ်သည်။

Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက "လှနုက အဲဒီပွဲလေး ရှိတဲ့ အကြောင်းဖေ့စ်ဘွတ်မှာကြေ ညာ လိုက်တဲ့ အခါ စင်္ကာပူက လှနုရဲ့ မိတ်ဆွေက သူ့ တူမ နဲ့မိတ်ဆက်ပေးတော့ အဲဒီကလေးလေးက အရမ်းချစ်စရာ ကောင်းတယ်။

အဲတာနဲ့အဲဒီ ကလေးလေးနဲ့ လိုက်ချိတ် ရင်းရွေး လိုက်တာပါ။ လှနု ကမေတ္တာ နဲ့ ဒီကလေးလေးကို ပြိုင်ပွဲ အတွက် သင်ကြားပေးမှာပါ" ဟုပြောသည်။ ပြိုင်ပွဲတွင် ချစ်ချစ်တုန် ကနိုင်ငံ ကိုယ်စားပြု ၀တ်စုံ ၊ ညနေခင်း ၀တ်စုံ ၊ကျောင်းဝတ်စုံ ၊ အားကစား ၀တ်စုံတို့ဖြင့် ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး Talent Show အတွက် Frozen ကာတွန်းထဲမှ သရုပ်ဆောင် ပုံစံဖြင့် သရုပ်ဖော် ပြသမည် ဖြစ်သည်။

ပြိုင်ပွဲ အတွက်ကုန်ကျစရိတ်ကို ချစ်ချစ်တုန် ဘက်မှတာဝန်ယူမည် ဖြစ်ပြီး ထိုပြိုင်ပွဲသို့စေလွှတ်ရန် သဘော တူညီမှု စာချုပ်ကို ဧပြီ ၂ရက်တွင် ချစ်ချစ်တုန်၏ မိဘများ နှင့် Style Plus H သင်တန်းကျောင်းမှ မလှနုထွန်း တို့ စာချုပ်ချုပ်ဆို လိုက်ပြီဖြစ်သည်။

Mini Miss International 2015 ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက် နှင့် ၂၅ ရက်တွင် ကျင်းပပြု လုပ်မည်ဖြစ် ပြီးနောက် ဆုံးပြိုင်ပွဲကို ဇူလိုင် ၂၅ရက်၌ ကျင်းပပြုလုပ် မည်ဖြစ်သည်။ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်သည့် အခါတွင် ချစ်ချစ်တုန်၏ မိဘများ နှင့်အတူ Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းလည်း လိုက်ပါ သွားမည် ဖြစ်သည်။

Style Plus H သင်တန်းကျောင်းမှ Mini Miss Myanmar 2015 ချစ်ချစ်တုန် အပြင် Little Miss Myanmar ၊ Miss Teen Myanmar တို့ကိုလည်းရွေး ချယ်စေ လွှတ်ရန် စီစဉ် ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List