Thursday, April 02, 2015

ဖိလစ်ပိုင်တွင် မုန်တိုင်းဘေး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်





လာမယ့် ဧပြီ ၄နဲ့ ၅ ရက်နေ့မှာ  ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတလုံး ထပ်မံ ၀င်ရောက်ဖို့ ရှိနေအတွက် ဖိလစ်ပိုင်နိုင်ငံမှာအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပြင်ဆင်နေရပါ တယ်။

မေဆက်က်အမည်ရ  (Maysak) တိုင်ဖုန်းမုန်တိုင်းဟာ လက်ရှိ  ၁ နာရီ ၁၅၅ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် မိုင် ၇၀၀ အကွာမှာ တိုက်ခတ်နေပြီး အနောက်မြောက်ဘက်ကို ရွေ့လျားနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းကို ဖြတ်သန်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး ဖြတ်သန်းချိန်မှာ အားပျော့သွားနိုင်တယ်လို့ ဖိလစ်ပိုင် မိုးလေ၀သဌာနနဲ့ ဗြိတိန်နိုင်ငံအခြေစိုက် မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ ကရော ခန့်မှန်းထားပါတယ်။

လာမယ့် ဧပြီ ၄ နဲ့ ၅ ရက်နေ့ဟာ ခရစ်တော်ရှင်သန်ထမြောက်ခြင်းနေ့ ဖြစ်တဲ့ ရုံးအားလပ်ရက်တွေ လည်း ဖြစ်တာကြောင့် နိုင်ငံမြောက်ပိုင်းကို ခရီးထွက် ကြနေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဖိလစ်ပိုင်ခရီး သွားပြည်သူတွေ ဘေး အန္တရာယ်ကင်းရှင်းရေးဖြစ်တယ်လို့ ဖိလစ်ပိုင်ဘေးအန္တရာယ်ကယ်ဆယ်ရေး ဌာန ညွှန်ကြားရေးမှူးက ပြောဆိုပါတယ်။

ဒါကြောင့် မုန်တိုင်းသတိပေးချက်တွေလည်း ကြိုတင်ထုတ်ပြန်ထားတယ်လို့ လည်း ပြောဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List