Friday, April 03, 2015

ရုရှားသင်္ဘောနစ်မြုပ်မှု မြန်မာ ၁၃ ဦး အသက်ရှင်






ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်မှာ ဧပြီ ၁ ရက်နေ့ ညပိုင်းက နစ်မြုပ်သွားတဲ့ ပင်လယ်ကူး ငါးဖမ်းသင်္ဘာ မှာ မြန်မာသင်္ဘောသား ၁၃ ဦး အသက်ရှင်တယ်လို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက သတင်းထုတ်ပြန် ပါတယ်။

သဘောင်္နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး မော်စကိုအခြေစိုက် မြန်မာသံရုံးထုတ်ပြန်ချက်မှာ “သံမှူး ဦးဘုန်းလင်း ကြိုင်မှ ရုရှား လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာနနှင့် အချိန်ပြည့် ဆက်သွယ်၍ သေဆုံးသူများနှင့် ထိခိုက်နစ်နာ သူများအတွက် အပြည့်အဝ ကူညီမှုများ ဆောင်ရွက်လျက် ရှိပါသည်။ ကနဦး သတင်းများအရ အသက်ရှင်သူမြန်မာနိင်ငံသား ၅ ဦးသာရှိပြီး ယခုနောက်ဆုံး ရရှိသော သတင်းအရ မြန်မာနိုင်ငံသား ၁၃ ဦး အသက်ရှင်လျက်ရှိကြောင်း သိရှိရပါသည်” လို့ မြန်မာ သင်္ဘောသားတွေရဲ့ အမည်စာရင်းနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံသား ၄၂ ဦးအပါအ၀င် နိုင်ငံတကာက သင်္ဘောသား ၁၃၂ ဦး လိုက်ပါသွားတဲ့ ရုရှားပိုင် ဒဲလ် နီ ဗော့စ်တော့ “Dalniy Vostok” ငါးဖမ်းသင်္ဘောဟာ ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း Okhotsh Sea မုဆိုးပင်လယ် ကမ်ချက်ကာ ကျွန်းဆွယ်မှာ နစ်မြုပ်သွားခဲ့တာပါ။

သင်္ဘောနစ်မြုပ်မှုမှာ ၆၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၅၆ ဦးရဲ့ အလောင်းတွေကို ဆယ် ယူနိုင်ခဲ့ကာ ၁၃ ဦး ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။ သင်္ဘောဟာ အာမခံထားခြင်းမရှိသလို တန်ပို တင်ဆောင်ထားခြင်းမရှိဘဲ လူရဲ့အမှားကြောင့် နစ်မြုပ်သွားတာဖြစ်နိုင်ပြီး ရေယာဉ်မှူးနဲ့ ဒုရေယာဉ်မှူး တို့လည်း သေဆုံးသွားတယ်လို့ ရုရှားငါးဖမ်းလုပ်ငန်း အေဂျင်စီ ဒုတိယအကြီးအကဲ Vasily Sokolov ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သင်္ဘောနစ်မြုပ်ရာမှာ ရုရှားနိုင်ငံ ကယ်ဆယ်ရေးလုပ်သား ၁၆၀၀ လောက် က ရေယာဉ်၊ ရဟတ်ယာဉ်တွေ နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင် ရွက်နေတယ်လို့ ဆိုပါတယ်။ သင်္ဘောနစ်မြုပ်မှုကြောင့် ထိခိုက် နစ်နာသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ထောက်ပံ့မှု အပြည့်အဝ ပြုလုပ်သွားဖို့ ရုရှား သမ္မတ ပူတင်က ထုတ်ဖော်ပြောကြားသလို ရုရှားဝန်ကြီးချုပ် မက်ဗီဒက်နဲ့ ရုရှားအစိုးရကလည်း ထိုအဖြစ် ဆိုးကြီးအတွက် နက်ရှိုင်းစွာ ဝမ်းနည်းကြောင်း ၁ မိနစ်ငြိမ်သက်ခဲ့ကြတယ်လို့ မြန်မာသံရုံးကထုတ်ပြန်ပါ တယ်။

DVB

No comments:

Post a Comment

My Blog List