Monday, March 30, 2015

အာဏာပိုင်များ၏ အကြမ်းဖက် ဖမ်းဆီးထောင်ချမှုများကို ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံရှိ ကျောင်းသားအရေး လှုပ်ရှားမှုများအား ထောက်ခံကြောင်း ပြည် တွင်းလှုပ်ရှားသူများနည်းတူ နိုင်ငံတကာမှ ကျောင်းသားများကလည်း လှုပ်ရှား မှုများ ဆက်တိုက်ပြုလုပ်နေ


အာဏာပိုင်များအနေဖြင့် ပင်မကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွင်းကာ ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား ဖမ်းဆီးအကျဉ်းချခြင်းကိုရှုတ်ချကြောင်း၊သပိတ်မှောက်ကျောင်းသားများအား ထောက် ခံကြောင်း၊ ကျောင်းသားပြည်သူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန် ဆန္ဒထုတ်ဖော် ဆုတောင်း ပွဲများနှင့် လှုပ်ရှားမှုပြုလုပ်ခြင်းများကို ပြည်တွင်းလှုပ်ရှားမှုများနည်းတူ နိုင်ငံတကာမှ ကျောင်းသားများက လည်း ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ ပင်မကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲမှုနှင့် ၀န်းရံပြည်သူများကို ဖမ်းဆီးအကျဉ်းချခြင်းမှုများ ကို ရှုတ်ချကြောင်း၊ အမြန်ဆုံးပြန်လည် လွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ဆုတောင်းပွဲများကို မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအ၀င် တောင်ငူမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ တမူး မြို့နှင့် ပြည်မြို့တို့တွင်လည်း ဆက်တိုက်အသီးသီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် မတ်၂၁ ရက်က အင်လျားကန်ပေါင် တံတားဖြူမှတ်တိုင်အနီးတွင် လက်ပံတန်း အကြမ်းဖက် မှုအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများကို အမြန်ဆုံးပြန် လွှတ်ပေးရန်အတွက် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။

ရန်ကုန်အင်လျားကန်ပေါင် လှုပ်ရှားမှုတွင် ကျောင်းသားနှင့် သက်ဆိုင်သော ကဗျာများရွတ်ဆိုခြင်း၊ သွေး သစ္စာ၊ ကမ္ဘာမကြေဘူးစသော သီချင်းများကို ရွတ်ဆိုခြင်း၊ ကျောင်းသားသမဂ္ဂအလံပါ ခွပ်ဒေါင်းပုံသဏ္ဌာန် ပုံဖော်ဖယောင်းတိုင် ထွန်းခြင်းနှင့် ဖမ်းဆီးခံကျောင်းသားအားလုံး၏ နာမည်များအောက်၌ “ချက်ချင်းလွှတ်” ဟူသောစာတန်းပါ မိုးပျံပူဖောင်းများကို လွတ်တင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

မန္တလေးမြို့ ၃၅လမ်းနှင့် ၈၅လမ်းအနီးရှိ မြတောင်ကျောင်းတိုက်တွင်လည်း မတ် ၂၁ ရက်၌ပင် ပင်မကျောင်း သားသပိတ်အား အကြမ်းဖက်ဖြိုခွဲခြင်းကို ရှုတ်ချကြောင်းကိုလည်း လမ်းလျှောက်ကြွေးကြော် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာ လမ်းတစ်လျှောက်၌လည်း We are Students စာတန်းပါ လက်ပတ်ဖြူ ကမ်းပိန်၊ စတေကာ ကမ်းပိန်း၊ လက်ကမ်းစာစောင် ကမ်းပိန်းများ ဖြန့်ဝေခဲ့ပြီး ဟောပြောမှုများ၊ ကြွေးကြော်မှုများနှင့်  ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။

ထို့အတူ မတ် ၂၃ ရက် နံနက်ပိုင်းကလည်း မြန်မာနိုင်ငံ မွတ်စလင်လူငယ်များကွန်ရက်မှ ကန်တော်ကြီး အတွင်းရှိ ပုဂံလုံးကျွန်းအနီး နေရာလွတ်တစ်ခုတွင် ကဗျာရွတ်ခြင်း၊ ဆုမွန်ဒိုဆာပြုခြင်း၊ ဖမ်းဆီးခံကျောင်း သားများ အမြန်ဆုံး လွတ်မြောက်စေရန်ရည်စူး၍ ငှက်လွှတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် မတ် ၂၇ ရက် တပ်မတော်နေ့ (တော်လှန်ရေးနေ့)တွင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ငူ၊ ဟင်္သာတ၊ မြောင်းမြ၊ မုံရွာ၊ မြင်းခြံမြို့တွင် ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရာ၌ ရန်ကုန်မြို့တွင် သိမ်ကြီးဈေးအနီး ဗကသကျောင်းသား ခေါင်းဆောင် များဖြစ်သည့် ကိုကျော်ကိုကို၊ နန္ဒာစစ်အောင်တို့ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကာ ဆန္ဒထုတ်ဖော်အပြီး လူစုခွဲတိမ်းရှောင်ရာမှ ကိုနန္ဒာစစ်အောင် အပါအ၀င် ကိုရှိန်းရာဇာထွန်း၊ ကိုအောင်ထက်အောင်တို့ကို အရပ် ၀တ်ရဲများက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၌ ဆန္ဒပြကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများရှိခဲ့ပြီး မြင်းခြံ မြို့တွင် ကျောင်းသားများစုဝေးနေစဉ် အာဏာပိုင်များ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဟုဆိုကာ ပိတ်ဆို့တားဆီးခဲ့ပြီး ကျောင်းသားခေါင်းဆောင် ဉာဏ်မြင့်သန်း၊ စည်သူမြတ်၊ ကျော်ဆန်းထွန်း၊ မဖြူနှင့် ကိုစိန်ဝင်းတို့ကို အကြမ်းဖက် ဖမ်းဆီးခဲ့မှုများ ရှိခဲ့သည်။

ကျောင်းသားကျောင်းသူများနှင့် ၀န်းရံပြည်သူများကို သက်ဆိုင်ရာမှ အကြမ်းဖက်ဖြိုခွင်းခဲ့မှုအား ဆန့်ကျင် ကန့်ကွက်သော လှုပ်ရှားမှုများကို အရပ်ဘက် အဖွဲ့အစည်းများကလည်း ရန်ကုန်မြို့အပါအ၀င် တိုင်းဒေ သကြီးအသီးသီး၌ လှုပ်ရှားမှုများပြုနေပြီး ၎င်းတို့မှာ “We are Students, Respect Our Right” စာတန်းရေး သားထားသော အဖြူရောင်လက်ပတ် လှုပ်ရှားမှု၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ပြုလုပ်သော အနက်ရောင်ဝတ်စား အနက်ရောင် ၀တ်ဆင်ရန် (သို့မဟုတ်) အနက်ရောင်အ၀တ်စအား ရင်ဘတ်၌ မတ် ၁၂ ရက်မှစ၍ ရက်သတ္တတစ်ပတ်တိတိ ချိတ်ဆွဲထားမည့် လှုပ်ရှားမှု၊ ပန်းစကားအဖွဲ့၏ နှင်းဆီဖြူရင်ထိုးလှုပ် ရှားမှုနှင့် လူမှုကွန်ရက်ဖေ့ဘွတ်ခ်တွင် Myanmar Students အမည်ရှိ စာမျက်နှာ၌ ဆန္ဒပြကျောင်းသားများ အား ထောက်ခံအားပေးကြောင်း၊ အကြမ်းဖက်မှုအား ဆန့်ကျင်ကန့်ကွက်ကြောင်း ရေးသားထားသော စာရွက်များကိုင်ဆောင်၍ ဓာတ်ပုံနှင့်တကွ ဖေ့ဘွတ်ခ် စာမျက်နှာတွင်တင်သည့် လှုပ်ရှားမှု စသည်တို့ ဖြစ် သည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် နိုင်ငံရေးအကျဉ်း သားဟောင်း များအဖွဲ့ (FPPS) တို့ပူးပေါင်း၍ ဖမ်းဆီးခံထားရသည့် ကျောင်းသားများအားလုံးနှင့် ကျန်ရှိနိုင်/ကျဉ်းများအား ပြန်လွှတ်ပေးရန် ဓာတ်ပုံနှင့် လက်ဝါးကမ်ပိန်းများ ဆက်တိုက်ပြုလုပ်ကာ တောင်း ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဒီမိုကရေစီပညာရေး အပြောင်းအလဲအတွက် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည့် ကျောင်းသား များကို We Support Myanmar Student အမည်ရှိ Facebook စာမျက်နှာဖွင့်၍ နိုင်ငံတကာမှ ကျောင်းသား များက ထောက်ခံကြောင်း ၀ိုင်းဝန်းဂုဏ်ပြု ရေးသားခဲ့ကြသည်။ ထောက်ခံဂုဏ်ပြုသည့် ကျောင်းသားများမှာ အာဆီယံဒေသတွင်းသာမက အာရှ၊ ဥရောပ၊ အမေရိကန်ပြည်ထောင်စုရှိ နာမည်ကြီးတက္ကသိုလ်များ မှ ကျောင်းသားများလည်း ပါဝင်သည်။

ထို့ပြင်ပြည်ပရောက် မြန်မာများမှလည်း ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံ တကာတွင် ကန့်ကွက်ဆန္ဒပြ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့်အပြင် မလေးရှား၊ ဂျပန်၊ အမေရိကန် ပြည်ထောင်စု၊ သြစတေးလျနှင့် ကနေဒါ စသည့် နိုင်ငံများတွင်လည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List