Tuesday, March 31, 2015

နန္ဒစစ်အောင်ကို လက်ပံတန်းတရားရုံးက ပုဒ်မလေးခုဖြင့် တရားစွဲပြီး သာယာဝတီထောင်တွင် ဖမ်းဆီးထား

တရားခံပြေးအဖြစ် ကြေညာခဲ့ပြီးနောက် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်း ဆောင် နန္ဒ စစ်အောင်ကို လက်ပံတန်းမြို့နယ်တရားရုံးတွင် ပုဒ်မ လေးခုဖြင့် တရားစွဲဆိုခဲ့ပြီး သာယာဝတီထောင်၌ ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။
နန္ဒစစ်အောင်ကို မတ်လ ၃၀ ရက်နေ့လယ်ပိုင်းတွင် လက်ပံ တန်းမြို့နယ် တရားရုံးက ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ)၊ ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ တို့ ဖြင့် တရားစွဲဆိုခဲ့ကာ ဧပြီ ၇ ရက်တွင် ရုံးချိန်းပေး ခဲ့ကြောင်း ပဲခူး တိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးသိန်း က ပြောသည်။

‘‘နန္ဒစစ်အောင်ကို ရန်ကုန် တိုင်းက ဖမ်းမိပြီးတော့ ပဲခူးတိုင်း ကို လွှဲတယ်။ သူ့ကို ဒီမှာတစ်ခါတည်း တန်းပြီးတော့ လက်ပံတန်းတရားရုံးမှာ တရားစွဲတယ်။ တရားစွဲပြီးတော့ သူ့ကို သာယာဝတီအချုပ်ထောင် မှာ ထားတယ်။ ရန်ကုန်မှာ စွဲတဲ့အမှုတွေက သက်ဆိုင်ရာ တရားရုံးတွေကနေ တရားဆက်စွဲသွားမှာပါ’’ဟု ဒုရဲမှူးကြီး အေးသိန်းက ပြောသည်။

နန္ဒစစ်အောင်ကို လမ်းမ တော်မြို့မရဲစခန်းတွင် ထိန်းသိမ်း ထားခဲ့ပြီး မတ်လ ၃၀ ရက် နံနက်က ကမာရွတ် မြို့နယ် တရားရုံး၌ ရုံးထုတ်ရန် စီစဉ်ထားရာမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

‘‘မနက်က လမ်းမတော်ရဲစ ခန်းမှာ ကျွန်တော့်သားနဲ့ ၁၀ မိနစ်လောက်စကားပြောခွင့်ရတယ်။ သူ့ကို အမှု ၃၈ မှုနဲ့ တရားစွဲထားတယ်လို့ ပြောတယ်။ ကမာရွတ်ကို ရုံးထုတ်မယ်လို့ ပြောပြီး ထုတ်မ လာဘူး။ နောက် မှ သိရတာက သူ့ကို လက်ပံတန်းမှာ ရုံးထုတ်ပြီး အခုသာယာဝတီထောင်ကို ရောက်သွားပြီ’’ဟု နန္ဒ စစ်အောင်၏ ဖခင် ရှေ့နေ ဦးဌေးက ပြောသည်။

သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည့် ကျောင်းသား နှင့် ၀န်းရံသူများအနက် ၆၉ ဦးကို မတ်လ ၂၅ ရက်က ပုဒ်မငါးခုဖြင့် တရားစွဲဆိုရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ကျောင်းသားခေါင်းဆောင် များဖြစ်သော ကျော်ကိုကို၊ နန္ဒစစ် အောင်၊ ရဲရင့်ကျော်နှင့် မြတ်သူတို့ကို တရားခံပြေးအဖြစ် ကြေညာ ခဲ့ ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် ကျောင်း သားနှင့် ၀န်းရံသူများ ပြန်လည်လွတ်မြောက်စေရန် မတ်လ ၂၇ ရက်က ရန်ကုန် မြို့ သိမ်ကြီးဈေးရှေ့တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲအပြီး၌ နန္ဒစစ်အောင်ကို မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List