Thursday, April 02, 2015

လက်ပတ်နီကိစ္စ စုံစမ်းမှုအစီရင်ခံစာ သမ္မတထံပို့၊ အချက်အလက်များ မသိရသေး


မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြသူများကို လက်ပတ်နီဝတ် အရပ်သားများ အသုံးပြုကာ အကြမ်းဖက်ဖြိုခွင်း မှုသည် ဥပဒေနှင့်ညီညွတ်မှုရှိ၊ မရှိစုံစမ်းထားသည့်အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ပေးပို့လိုက် ပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဦးစောထွန်းအောင်မြင့်ထံမှ သတင်းရရှိသည်။
လက်ပတ်နီဝတ်အရပ်သား များ အသုံးပြုခြင်းသည် ဥပဒေ နှင့်ညီ၊ မညီ စစ်ဆေးလေ့လာပြီး တွေ့ရှိချက် များကို အစီရင်ခံစာတွင် ထည့်သွင်းရေးသားထားကာ ယင်းတွင် ပါဝင်သည့် အချက်အလက်များကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက် ညနေက မြို့တော်ခန်းမရှေ့တွင် ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်သူ များကို လက်ပတ်နီဝတ်အရပ် သားများအသုံးပြု ဖြိုခွင်းမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန  ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သော စုံစမ်းစစ်ဆေးရေးကော်မရှင်က မတ်လ ၃၁ ရက်၌ တွေ့ရှိချက် အစီရင်ခံစာကို အပြီးရေး ကာ နိုင်ငံတော်သမ္မတထံ သို့ပေးပို့လိုက်ခြင်းဖြစ်သည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောထွန်းအောင်မြင့် က ပြောသည်။

မတ် ၅ ရက် ညနေက မြို့တော်ခန်းမရှေ့တွင် လက်ပံတန်း၌ အမျိုးသားပညာရေး ဥပဒေပြင် ဆင်ရေးကို ဆန္ဒထုတ်ဖော်နေသည့် ကျောင်းသားများအားထောက် ခံကြောင်း ဆန္ဒပြသူများကို အာဏာပိုင်များက တာဝန် လက်ပတ်နီဝတ် အရပ်သားများ အသုံးပြုကာ အကြမ်းဖက်ဖြိုခွင်းမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက် ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ် ခဲ့ပြီး အာဏာပိုင်များအနေဖြင့် ဥပဒေနှင့် အညီဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက ထည့်သွင်းဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်သူ များအား အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက် ၍ ဖြစ်ရပ်မှန်ပေါ်ပေါက် ရေးစုံစမ်းပြီး စုံစမ်းစစ်ဆေးမှုအစီ ရင်ခံစာကို မတ်လ ၃၁ ရက်အ ရောက် နိုင် ငံတော် သမ္မတထံ တိုက်ရိုက်အစီရင်ခံရမည့် စုံစမ်း ရေးကော်မရှင်တစ်ရပ်ကို အစိုးရ က မတ်လ ၁၀ ရက်၌ ဖွဲ့စည်း ကြောင်း ကြေညာထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List