Tuesday, March 31, 2015

ရန်ကုန်တိုင်း မြို့နယ် ၁၀ မြို့နယ်တွင် မဲစာရင်းများ ကပ်ထားသော်လည်း စိတ်ဝင်စားသူနည်း

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်၁၀မြို့နယ်တွင် မဲစာရင်းများကပ်ထားပေးခြင်း၊ ကြိုတင်လှုံ့ဆော်ခြင်း တို့ ပြုလုပ် ထားသော်လည်းအများပြည်သူ စိတ်ဝင်စားမှုနည်းနေကာလာ ရောက်ကြည့်ရှုသူနည်း ပါးနေ သေးကြောင်းသတင်းရရှိသည်။
ရွးကောက်ပွဲကော်မရှင်၏ ရှေ့ပြေးမဲဆန္ဒရှင်များစာရင်းကပ် ထားပေးခြင်းလုပ်ငန်းစဉ်ကို ရန်ကုန်တိုင်းအ တွင်းရှိ မြို့နယ် ၁၀မြို့ နယ်တွင် ယခုလ ၃၀ရက်မှစတင်ကာ ၁၄ရက်ကြာပြုလုပ်မည်ဖြစ်သည်။

‘‘မဲစာရင်းတွေက ဒီနေ့စ ကပ်တာပါ။ ဒါပေမဲ့ လာကြည့်တဲ့ သူတွေနည်းပါသေးတယ်။ ရန်ကုန်လူထုအနေ နဲ့ကတော့ ဒီလို အစပိုင်းမှာ စိတ်ဝင်စားမှုနည်းပါတယ်။ နောက်ပိုင်းကျရင်တော့ စိတ်ဝင်စားမှုတွေပိုလာမယ် လို့ ထင်ပါတယ်’’ဟု လမ်းမတော်မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲဥက္ကဋ္ဌဦးအေးကျော်ကပြော သည်။

ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စနစ်တကျကပ်ထား ပေးခြင်းကို မိမိတို့ကိုယ်တိုင် ဆောင် ရွက်ပေးနေခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုသူအချို့မှာလည်း ကွယ်လွန်သူများပါဝင်နေ ခြင်း၊ မဲစာရင်းတွင် မပါရှိခြင်း စသည်ကိစ္စရပ်များကြောင့် သတ်မှတ်ပုံစံများတွင် ဖြည့်စွက်တင်ပြသွားခြင်းများလည်းရှိကြောင်း ဦး အေးကျော်ကပြောသည်။

‘‘ဒီနေ့က ရုံးစဖွင့်တဲ့ရက် လည်းဖြစ်နေတယ်။ နောက်ရက် တွေလည်းရှိသေးတယ်လေ။ အချိန်ရသေးတယ် ဆိုတော့ သွားမ ကြည့်ဖြစ်သေးတာပါ။ ရုံးအားတဲ့ ရက်ကိုတော့ သွားကြည့်ဖြစ် အောင်ကြည့်ပါမယ်။ ဒီလို မဲစာ ရင်း ကပ်ပေးထားတယ်ဆိုတာ လည်း ညကတည်းက ကြော်ငြာ ပေးထားတယ်’’ဟု ဗိုလ်တထောင်မြို့ နယ်တွင်နေထိုင်သည့်ကို အာကာက ပြောသည်။

‘‘CSO(အရပ်ဘက်အဖွဲ့အ စည်း)တွေကလည်း ကူညီဆောင် ရွက်ပေးပါတယ်။ လွန်ခဲ့တဲ့နှစ် ရက်လောက် ကတည်းက မဲစာရင်းလာကြည့်ဖို့ကို ကျွန်တော်တို့ ကော်မရှင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ပြီး လှုံ့ ဆော်မှုတွေလုပ်ထားပါတယ်။ တိုက်တွန်းချင်တာကတော့ ပြည်သူတွေအနေနဲ့ လာကြည့်ဖြစ် အောင် ကြည့်ဖို့လိုပါတယ်။’’ဟု ကမာရွတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးသန်း ထွန်းအောင် က ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ ဗိုလ်တထောင်၊ ပုဇွန် တောင်၊ ဒေါပုံ၊ ဆိပ်ကြီးခနောင် တို၊ ဒဂုံဆိပ်ကမ်း၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်နှင့် ကမာရွတ်အပါအ၀င် ဆယ်မြို့ နယ်တို့တွင် နေ့စဉ်နံနက် ၆နာရီမှ ည နေ ၄နာရီအထိ မဲစာရင်းများ ကပ်ထားပေးမည် ဖြစ်သည်။

ပြည်သူများအနေဖြင့် မဲစာရင်းများ သွားရောက်ကြည့်ရှုပြီး မိမိ၏ အမည်မပါဝင်ပါက ကော်မရှင်မှ သတ်မှတ် ထားသောပုံစံ (၃)ကို တောင်းခံဖြည့်စွက်ပြီး သက်ဆိုင်ရာ ရပ်/ကျေးမြို့နယ် ကော်မရှင်များတွင်လျှောက်ထား ရမည်ဖြစ်သည်။

ထို့အပြင် အချက်အလက် များ မှားယွင်းဖြည့်စွက်ထားပါက ပုံစံ(၄-၈)ဖြင့် လျှောက်ထားနိုင် ပြီး မဲစာရင်းတွင် မပါဝင်သင့်သူ များဖြစ်သည့် ကွယ်လွန်ပြီးသူ များ၊ ထောင်ကျနေသူများပါဝင်ပါ က ပုံစံ(၄)ကိုတောင်းယူ၍ ကန့် ကွက်နိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့် ကြေညာချက်၌ ဖော်ပြထားသည်။

မဲစာရင်းဖော်ပြရာတွင် အမြဲ တမ်းနေထိုင်ကြောင်း သန်းခေါင် စာရင်းပြုလုပ်ထားသည့် မြို့နယ်၌သာ မိမိတို့ ၏ အမည်စာရင်းပါ ၀င်မည်ဖြစ်ကာ ဧည့်စာရင်းဖြင့် ခေတ္တနေထိုင်သူများ၏ အမည်စာ ရင်းပါဝင်မည်မ ဟုတ်ကြောင်း ဖော်ပြပါရှိသည်။

7Day Daily

No comments:

Post a Comment

My Blog List