Tuesday, March 31, 2015

ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် မသန် စွမ်းရှေ့ဆောင် ကျောင်းသူ မစုပုံချစ်အား တစ်သက်တာနေထိုင်ရန် ပေးထားသော တိုက်ခန်းကို အစိုးရက ပြန်လည်သိမ်းယူ


ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သော မသန်စွမ်းရှေ့ဆောင်ကျောင်းသူ မစုပုံချစ်အား အစိုးရက တစ်သက်တာနေထိုင်ရန် ပေးအပ်ထားသော တိုက်ခန်းကို ပြန်လည်သိမ်းယူခဲ့ကြောင်း သိရ သည်။
မသန်စွမ်းရှေ့ဆောင် ကျောင်းသူတစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဗဟို အလုပ်အမှုဆောင် မစုပုံချစ်အား ယခင်အစိုးရလက်ထက်က တစ်သက်တာနေထိုင်ရန် ပေးအပ်ထားသော တိုက်ခန်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ၀န်ထမ်းများနေထိုင် ရန်ဟုဆိုကာ ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။

မသန်စွမ်းရှေ့ဆောင် ကျောင်းသူတစ်ဦးဖြစ်ည့် သြစတြေးလျနိုင်ငံ ပညာတော်သင်ဆုရ မစုပုံချစ်ကို ယခင် အစိုးရ လက်ထက်က တစ်သက်တာ နေထိုင်ရန်ဟုဆိုကာ ရွှေဂုံတိုင် ကလေးစောင့်ရှောက်ရေးဌာန တိုက် (ဗ) အခန်း ၂၀၃ အား ပေးအပ်ထားခဲ့ပြီး မစုပုံချစ် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ တက်ရောက် ပညာ သင်ကြားနေစဉ်အတွင်း အဆိုပါ တိုက်ခန်းအား ၀န်ထမ်းများထားရှိရန် ဟုဆိုကာ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် တစ်ကြိမ်၊ မတ် ၃၁ ရက် နောက်ဆုံးထားကာ ဖယ်ရှားပေးရမည်ဟု အကြောင်းကြား ဖယ်ရှားစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အကြောင်းကြားစာ မထွက်ခင် အချိန်ရက်ပိုင်းအတွင်းမှာပဲ ကျွန်မကျောင်းတက်နေတာကို ခွင့်ယူ ပြီးတော့တောင်မှ လူမှုဝန်ထမ်းနှင့် ပြည်လည်နေရာချထားရေးက လုပ်ဆောင်တဲ့ပွဲတွေကို ကူညီ လုပ်ဆောင်ပေးခဲ့တာပါ၊ ဒီဇင်ဘာ ၈ ရက်မှာ ၀န်ထမ်းတွေ ထပ်တိုးတာမို့လို့ နေအိမ်မလောက်လို့ ဖယ်ရှားပေးဖို့ စာလာတယ်။ ကျွန်မကို အရင်အစိုးရတုန်းက တစ်သက်တာ နေထိုင်ဖို့ဆိုပြီး ပေးအပ်ထား တာပါ၊ ကျွန်မထင်ထားတာက တစ်သက်တာ မနေရရင်တောင်မှ ကျောင်းပြီးတဲ့အထိ နေရမယ်လို့ ထင်ထားတာပါ၊ ဒါကြောင့် ကျွန်မပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးဆီကို စာတင်ပြီး တောင်းဆိုခဲ့ပါတယ်၊ အကြောင်းပြန်စာမရပါဘူး၊ ကျွန်မ ဧရာဝတီသပိတ်စစ်ကြောင်းကို လိုက်ပြီးတော့ နှစ်ရက်လောက် အကြာ ဖေဖော်ဝါရီလ အတွင်းမှာပဲ စာထပ်ဝင်လာပါတယ်။ မတ် ၃၁ ရက်မှာ နောက်ဆုံးထား ဖယ်ရှားပေး ဖို့ကို။ ကျွန်မ စာမေးပွဲရက်နဲ့ တိုက်ဆိုင်နေလို့  ၃၁ ရက်အထိ မနေတော့ဘဲ နဲ့ ၂၈ ရက်မှာပဲ ဖယ်ရှားပေးခဲ့ ပါတယ်” ဟု မစုပုံချစ်က ပြောကြားသည်။

မစုပုံချစ်သည် မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းမှ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်ပြီး သြစတြေးလျနိုင်ငံမှ ပညာတော်သင်ဆုကို ရရှိခဲ့ကာ ဆစ်ဒနီတက္ကသိုလ်မှ မူဝါဒလေ့လာရေးဆိုင်ရာ မဟာဘွဲ့ကို ရရှိခဲ့သူတစ်ဦးဖြစ်သည်။ ယခင်အစိုးရ လက်ထက်တွင် မသန်စွမ်းရှေ့ဆောင် ကျောင်းသူ တစ်ဦးဖြစ်သူ မစုပုံချစ်ကို တစ်ခုတည်းသော ထောက်ပံ့မှုအဖြစ် ပေးအပ်ထားသည့် တိုက်ခန်းကို ယခုအစိုးရ လက်ထက်တွင် ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်ပြီး မစုပုံချစ်သည် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရေး အတွက် ကျောင်းသားများ သပိတ်မှောက်နေစဉ် ဧရာဝတီ သပိတ်စစ်ကြောင်းမှ လိုက်ပါ အားပေးထောက်ခံ ခဲ့သူ မသန်စွမ်းကျောင်းသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

အစိုးရမှ ထောက်ပံ့ထားသော တိုက်ခန်းပြန်လည် သိမ်းဆည်းခြင်းနှင့် ပတ်သက်၍ မစုပုံချစ်က “ကျွန်မအ ခု ကျောင်းတက်နေတုန်းပဲရှိတာ အခုဆို ညောင်တုန်းမြို့ကနေ ရန်ကုန်က ကျောင်းကို အသွားအပြန် လုပ်ပြီး ကျောင်းတက်နေရတယ်။ ပြီးတော့ ကျွန်မသာမန်လူတစ်ယောက် မဟုတ်ဘူး။ အခုဆို စာမေးပွဲ ရက် ဖြစ်နေတာမှာလည်း ကျွန်မညောင်တုန်းကနေ ရန်ကုန်ကို အသွားအပြန်လုပ်ပြီးတော့ စာမေးပွဲဖြေနေ ရတယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ မသန်စွမ်းတွေ အားကိုးရမယ့်ဌာနက အခုလို မသန်စွမ်းတွေ အပေါ် လုပ်ဆောင်တာမှာ။ ကျွန်မလို မိဘတွေက ထောက်ပံ့နိုင်တဲ့ မသန်စွမ်းတစ်ယောက် အနေနဲ့တော့ ဆက်လုပ်ဆောင်လို့ ရပေမယ့် ကျွန်မတို့လို ဘ၀တူတွေဆို ဘယ်လောက်တောင် အခြေအနေဆိုးနေပြီလဲ ဆိုတာ စိုးရိမ်ပါတယ်။ မသန်စွမ်းတွေအတွက် အားကိုးစရာ မိခင်ဌာနဖြစ်တဲ့ လူမှုဝန်ထမ်းဌာနက ဒီလို လုပ်ဆောင်မှုဟာ ကျွန်မတို့လို ဘ၀တူ ညီအစ်ကို မောင်နှမတွေအပေါ်မှာ ဘယ်လောက်တောင် ဆိုးနေပြီ လဲ ဆိုတာကို မေးချင်ပါတယ်” ဟု မစုပုံချစ်က ဆက်လက်ပြောကြားသည်။

“ပထမအချက်က မစုပုံချစ်က ၀န်ထမ်းမဟုတ်ဘူး။ သူက မသန်စွမ်း တစ်ယောက်ဖြစ်လို့ ကျောင်းတက် ရတာ အဆင်ပြေအောင် သူ့ကို ဘွဲ့ရတဲ့အထိ အခန်းတစ်ခန်း ပေးထားပြီး နေခွင့်ပြုထားတယ်။ အခု သူကဘွဲ့ရသွားလို့ ဒီအခန်းကို ပြန်သိမ်းတာပါ။ နောက်တစ်ချက်ကတော့ လူမှုဝန်ထမ်းရဲ့ ဖွဲ့စည်းပုံကို တိုးချဲ့တဲ့အတွက် ၀န်ထမ်းတွေ များလာတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့ ၀န်ထမ်းတွေ အများကြီးရှိ တဲ့အတွက် ဒီအခန်းကို ပြန်သိမ်းတာပါ။ အဲဒီနှစ်ချက်က နေပြည်တော်မှာ ညွှန်ကြားရေး မှူး ဒေါ်ယုဆွေက လည်း ပြောခဲ့ပြီးပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးတင်ဇော်မိုး က ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List