မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ထိုင်းအဆိုကျော်
ထုံချိုင်းနှင့် တွေ့ဆုံပွဲတွင် Sabai Sabai သီချင်း ကို
ထုံချိုင်းနှင့်အတူ သီဆိုဖြစ်ခဲ့ကြောင်း ကျော်ကျော်ဗိုက ပြောသည်။ ‘‘ထိုင်းလိုပဲ ဆိုဖြစ်တာ။ ပထမတော့ ကိုယ့်ဘာသာကိုယ် ဆိုနေတာ။ နောက်မှ သူက တက်လာတာပါ’’ ဟု ၎င်းက ပြောသည်။
ထုံချိုင်းသည် အရှေ့တောင်အာရှတွင် ၎င်းကြိုက်နှစ်သက်သည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး အနုပညာ သမားအချင်းချင်း အိမ်ရှင်တစ်ဦးအနေ ဖြင့် ဧည့်ဝတ်ပြုခဲ့ခြင်းဖြစ်သည်ဟု ကျော်ကျော်ဗို က ပြောသည်။
‘‘ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ သူ့ရဲ့သီချင်းနဲ့ ဂုဏ်ပြုဖြစ်တာပါ’’ ဟု Sabai Sabai သီဆို ဖြစ်သည့် အကြောင်းကို ၎င်းကပြောသည်။
ထို့ပြင် ကိုယ်တိုင် ထိုင်းဘာသာဖြင့် သီဆိုထားသော Sabai Sabai သီချင်းကို ဖေ့စ်ဘွတ်ခ်တွင် တင်ထားရာ ပရိသတ်များက နားထောင်၍ ကောင်းသည်ဟု မှတ်ချက်ပေးထားကြသည်။
7Day Daily
ထုံချိုင်းသည် အရှေ့တောင်အာရှတွင် ၎င်းကြိုက်နှစ်သက်သည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး အနုပညာ သမားအချင်းချင်း အိမ်ရှင်တစ်ဦးအနေ ဖြင့် ဧည့်ဝတ်ပြုခဲ့ခြင်းဖြစ်သည်ဟ
‘‘ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ သူ့ရဲ့သီချင်းနဲ့ ဂုဏ်ပြုဖြစ်တာပါ’’ ဟု Sabai Sabai သီဆို ဖြစ်သည့် အကြောင်းကို ၎င်းကပြောသည်။
ထို့ပြင် ကိုယ်တိုင် ထိုင်းဘာသာဖြင့် သီဆိုထားသော Sabai Sabai သီချင်းကို ဖေ့စ်ဘွတ်ခ်တွင် တင်ထားရာ ပရိသတ်များက နားထောင်၍ ကောင်းသည်ဟု မှတ်ချက်ပေးထားကြသည်။
7Day Daily

No comments:
Post a Comment