ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲစသည့် ကိစ္စရပ်သုံးခုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုး သား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သောအဖွဲ့တို့သည် မတ်လ ၂၉ ရက် ညနေ က နှစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်သွားရန် အမြင်ချင်း ဖလှယ်ခဲ့ ကြကြောင်း သတင်းရရှိသည်။
အပစ်အခတ်ရပ်စဲရေးကိစ္စအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေး၊ မကြာမီပြုလုပ်မည့်အထွေထွေ ရွေးကောက်ပွဲအဆင်ပြေ ချောမွေ့ရေးတို့နှင့် ပတ်သက်၍ စိုးရိမ်သည့် အချက်များကို နှစ်ဖက်စလုံးက ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြသည်။
‘‘ကေအင်န်ယူဘက်က ဆွေးနွေးတာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မရပ်တန့်ဘဲ ဆက် လုပ်ဖို့ အရေး ကြီးတဲ့အကြောင်း၊ နောက်ကြောင်းပြန် လှည့်မှာကို စိုးရိမ်ကြောင်းတွေ ဆွေးနွေးတယ်။ ဒါကို ဒေါ်အောင် ဆန်းစု ကြည်ကလည်း လက်ခံတယ်။ နောက် ၂၀၁၅ ရွေးကောက်ပွဲ ချောချော မွေ့မွေ့ဖြစ်ဖို့အရေး စိုး ရိမ် ကြောင်း ဆွေးနွေးတာကို ကေအင်န်ယူက လက်ခံတယ်။ နှစ် ဖက်ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတာတွေကို နောက်တစ်ခါထပ်ဆွေးနွေးကြမှာပါ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဗဟို အလုပ်အမှု ဆောင်ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သည့်အဖွဲ့နှင့် ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးစေး ဖိုး ဦးဆောင်သည့် အဖွဲ့တို့သည် နေပြည်တော် နှင်းဆီစံအိမ်တွင် မတ်လ ၂၉ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်မှစ၍ နှစ်နာရီကျော် ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍လည်း ပုံမှန်ဆက် သွယ်မှု၊ တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း NLD ကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ ၀င်ပြိုင်ခဲ့စဉ်က တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး (ငြိမ်းချမ်းရေး) ဆိုသည့် မူဝါဒသုံးခုကို ကိုင်စွဲခဲ့ကြောင်း ကေအင်န်ယူက အသိအမှတ်ပြုပြောကြားသည်။
‘‘အခြေခံဥပဒေပြင်ဆင်ရေး အတွက် လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လက်ထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းရင်းသားတွေ ကြိုးပမ်း ဆောင်ရွက်နေတဲ့ အပစ်အခတ် ရပ်စဲရေးကတစ် ဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ အခြေ ခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက် ပြီး ဆွေးနွေးခဲ့ကြ သည်။ ဒေါ်စု ပြောတာက ပူးပေါင်းဆောင်ရွက် ရမယ်။ အခက်အခဲတော့ရှိမယ်။ ကျော်လွှားသွား မယ်။ မျှော်လင့် ချက်ဆိုတာ အမြဲတမ်းရှိရမယ်။ အဓိကအချက်က နိုင်ငံရေးပြု ပြင်ပြောင်းလဲမှုကို ဆိုလို တာ ဖြစ် တယ်။ အပစ်အခတ်ရပ်စဲရေး လုပ်တယ်ဆို တာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြစ်တယ် ။ ဒေါ်စုအနေနဲ့က ဒါတွေကို လက်ခံ ပါ တယ်’’ဟု ကေအင်န်ယူအထွေ ထွေအတွင်းရေးမှူး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယခေါင်းဆောင်ဖဒိုစောကွယ်ထူးဝင်းကပြော သည်။
7Day News Journal

No comments:
Post a Comment