Tuesday, March 31, 2015

ပူတင်နှင့် အာဆတ်တို့ထက် အိုဘားမားက အမေရိကအတွက် အန္တရာယ်ဟု ရီပတ်ဗလစ်ကန်များ ယူဆ


ရုရှားသမ္မတ ဗလာတီမာပူတင်နှင့် ဆီးရီးယားသမ္မတ အာဆတ်တို့ထက် ဘားရက်အိုဘားမားသည် အမေရိကန်ပြည်ထောင်စုကို ပိုမိုအန္တရာယ်ပြုနိုင် သူဟု ရီပတ်ဗလစ်ကန် သုံးပုံတစ်ပုံတို့က ယုံကြည်လျက် ရှိကြောင်း အွန်လိုင်းစစ်တမ်းတစ်ခုကို ကိုးကားလျက် VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။
ရိုက်တာသတင်းဌာနက ပြုလုပ်သော အွန်လိုင်းစစ်တမ်း တစ်ခုကို အမေရိကန် ၂၈၀၉ ဦးက ဝင်ရောက်ဖြေ ဆိုခဲ့ကြကာ အမေရိကန်ကို အန္တရာယ်ဖြစ်စေနိုင်သူများက မည်သူဖြစ်သနည်း ဆိုသည့် ပြည်သူ့အမြင်ကို ရယူခြင်း ဖြစ်သည်။

အဆင့် ၁ မှ ၅ အထိ သတ်မှတ်ထားပြီး အဆင့် ၁ တွင် လုံးဝအန္တရာယ် မရှိသူမှသည် အဆင့် ၅ လောလောလတ်လတ်ကို အန္တရာယ်ဖြစ်စေသူဟူ၍ ခွဲထားခြင်း ဖြစ်ပေသည်။

၃၄ ရာခိုင်နှုန်းသော ပါဝင်ဖြေဆိုသူ ရီပတ်ဗလစ်ကန်များက အိုဘားမားသည် အနီးကပ်ရန်သူ ဖြစ်ကြောင်း ဆန္ဒပြုခဲ့ကြသည်။

၂၅ ရာခိုင်နှုန်းသော ပါဝင်ဖြေဆိုသူများက ပူတင်သည် အမေရိကကို အန္တရာယ်ပေးနိုင်သူဟု ဖြေဆိုခဲ့လေ ရာ အိုဘားမားက ရီပတ်ဗလစ်ကန် အများစု၏ ထိပ်တန်းရန်သူ ဖြစ်နေခဲ့သည်။

၂၃ ရာခိုင်နူန်းကသာ အာဆတ်က အန္တရာယ်ရှိသူဟု မှတ်ချက်ပြုကြသည်။ အနောက်အုပ်စု အစိုးရများက ဘာရှားအယ်လ်အာဆတ် အစိုးရသည် ၎င်း၏ပြည်သူပေါ်သို့ ကလိုရင်းဓာတ်ငွေ့များ၊ ဓာတ်ဆီမီးလောင် ဗုံးများ ကျဲချခဲ့သည်ဟု တပ်အပ်ပြောဆိုထားကြသည်။

အမေရိကန်နိုင်ငံရေးတွင် နှစ်ဖက်အမြင်မတူမှုက နက်ရှိုင်းသောကြောင့် ယင်းသို့ ရလဒ်များ ထွက်ပေါ် လာခြင်းမှာ အံ့သြဖွယ်ရာတော့ မဟုတ်ကြောင်း VOA သတင်းဌာနက သုံးသပ်ထားသည်။

မတ်လ ၁၆ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြုလုပ်သော အဆိုပါ အင်တာနက် စစ်တမ်းကို ဒီမိုကရက် ၁၀၈၃ ဦးနှင့် ရီပတ်ဗလစ်ကန် ၁၀၅၉ ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ရသည်။

၂၇ ရာခိုင်နှုန်းသော စစ်တမ်းဖြေဆိုသူ ရီပတ်ဗလစ်ကန်များက ဒီမိုကရက် တစ်ပါတီသည် အမေရိ ကန်ပြည်ထောင်စုကို ခြိမ်းခြောက်နေသည့် အနီးဆုံးအန္တရာယ်ဟု သုံးသပ်ကြကာ ဒီမိုကရက် ၂၂ ရာခိုင်နှုန်းကလည်း ရီပတ်ဗလစ်ကန်ပါတီကို ထိုသို့ မြင်ကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List