Wednesday, April 01, 2015

အစိုးရသက်တမ်း လေးနှစ်ပြည့်နေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ပဏာမသဘောတူကြောင်း လက်မှတ်ရေးထိုး


အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ကြား တစ်နှစ်ကျော် ညှိနှိုင်းဆွေး နွေးနေသည့် တစ်နိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေးသဘောတူညီ ချက်စာချုပ် (NCA) အတည်ပြု မူကြမ်းကို အစိုးရသစ် သက် တမ်း လေးနှစ်ပြည့်မြောက်သည့် နေ့ တွင် သမ္မတဦးသိန်းစိန်ရှေ့ မှောက်၌ နှစ်ဖက်ကိုယ်စားလှယ် များက ပဏာမအဆင့် သဘော တူညီကြောင်း လက်မှတ်ရေးထိုး ခဲ့ကြသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ(UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)တို့ သတ္တမအကြိမ်ဆွေးနွေး ပွဲကို မတ်လ ၁၇ ရက်မှစ၍ ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့သည်။ ငါးရက်ကြာ ဆွေးနွေးပြီးနောက် အစည်း အဝေးခေတ္တရပ်နားခဲ့ကာ ပြန်လည်ပြု လုပ်ခဲ့သော မတ်လ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် NCA ပါအချက်အားလုံးကို သဘောတူ ညီမှုရရှိခဲ့ပြီး စာချုပ်မူကြမ်းကို အချောသပ်နိုင်ခဲ့ကြောင်း နှစ် ဖက်ကိုယ်စား လှယ်များကပြောသည်။

ယင်းနောက် မတ်လ ၃၁ ရက်က NCA (အတည်ပြုမူကြမ်း) ကို ပဏာမအဆင့်သဘောတူညီ ကြောင်း UPWCနှင့် NCCT ခေါင်းဆောင်များက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရှေ့မှောက်တွင် လက် မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က ‘‘ဒီ သဘောတူညီချက်ဟာ NCA လက်မှတ်ရေးထိုးနိုင်ဖို့ အဓိက တွန်းအားတစ်ရပ်ဖြစ် ပါတယ်။

ဒါ ကြောင့် ဧပြီလအတွင်းမှာ NCA လက်မှတ်ရေးထိုးဖို့အတွက် ကျွန် တော်တို့သေချာပေါက်ဆောင်ရွက် သွားနိုင်တော့မယ်လို့ ပြော လို့ရပြီဖြစ်ပါတယ်’’ဟု အဖွင့် အမှာစကား၌ ထည့်သွင်းပြော ကြားခဲ့သည်။

NCA ကို ပဏာမအဆင့် သဘောတူရာတွင် နှစ်ဖက်ညှိ နှိုင်းရန် အခက်အခဲရှိနေသည့် အချက် အချို့ ကို နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတွင် ဆက်လက် ညှိ နှိုင်းရန် ဆိုသည့်အနေအထားဖြင့် စာချုပ်မူကြမ်းကို အချောသပ် နိုင်ခဲ့ခြင်းဖြစ်သည်။

ပဏာမ သဘောတူထား သည့် NCA (အတည်ပြုမူကြမ်း) ကို NCCT မှ သက်ဆိုင်ရာတိုင်း ရင်းသားလက် နက်ကိုင်အဖွဲ့အ စည်းအသီးသီး သို့ ပြန်လည်တင်ပြ မည်ဖြစ်သည်။ ထို့နောက်တိုင်း ရင်းသားလက်နက် ကိုင် အဖွဲ့ ထိပ်သီးညီလာခံကို ကျင်းပ၍ အတည်ပြုချက်ရယူရမည်ဖြစ်သည်။ ထိပ် သီးညီလာခံမှ NCA (မူကြမ်း) ကို လက်ခံကြောင်း အတည်ပြုချက် ရှိမှသာ အပြီးသတ်လက်မှတ် ရေးထိုးနိုင်မည်ဖြစ်သည်။

ယင်းထိပ်သီးညီလာခံကို ဧပြီအတွင်း ပြုလုပ်နိုင်ကြောင်း NCCT ကိုယ်စားလှယ်များက ခန့် မှန်းသော်လည်း အချိန်နှင့် နေရာ ကိုမူ အတိအကျသတ်မှတ်နိုင် ခြင်းမရှိသေးပါ။

ယခုပဏာမသဘောတူခဲ့ သည့် NCA မူကြမ်းကို အစိုးရ ဘက်မှ အချက်အားလုံးညှိနှိုင်း ဖြည့်စွက်ရန် မကျန်သလောက် ဖြစ်ကြောင်း ပြောပြီး တိုင်းရင်း သားများဘက်က သဘောမတူညီ ခြင်း၊ ဖြည့်စွက်လိုခြင်း များရှိလာ ပါက ဆောင်ရွက်ပေးမည်ဟု ဆို သည်။

‘‘နှစ်ဖက်ပူးပေါင်းဆောင် ရွက်တာဖြစ်တဲ့အတွက် တစ်ဖက်က တင်ပြလာတဲ့ အချက်ကို ကျွန် တော်တို့က အရေးယူဆောင်ရွက် ပေးရမှာဖြစ်ပါတယ်’’ဟု UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းကပြော သည်။

သမ္မတက NCA ကို ဧပြီ အတွင်း အပြီးသတ်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သော်လည်း NCCT ခေါင်းဆောင် ပိုင်းကမူ မသေချာသေးကြောင်း ဆိုသည်။

‘‘မပြောနိုင်သေးဘူး။ ဘာ ကြောင့်လဲဆိုတော့ အန်ကယ်တို့ ဘက်က ထိပ်သီးညီလာခံလုပ်ဖို့ လိုပါသေး တယ်။ အဲဒီမှာ အတည် ပြုချက်ရမှပဲ ဆက်လုပ်သွားရ မှာ’’ဟု NCCT ခေါင်းဆောင် နိုင် ဟံသာကပြော သည်။

မတ်လ ၃၁ ရက် ဆွေးနွေးပွဲ အပြီးတွင် NCA (အတည်ပြုမူ ကြမ်း)ကို နှစ်ဖက်သဘောတူညီ ခဲ့ကြောင်း အပါအ၀င် အချက် ငါး ချက်ပါ ပူးတွဲထုတ်ပြန်ချက်နှင့် ပဋိပက္ခလျှော့ချရေးဆိုင်ရာ ထုတ်ပြန်ချက်ကိုလည်း ပူးတွဲ ထုတ် ပြန်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List