Tuesday, March 31, 2015

ဘုရင်မက ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲလှုပ်ရှားမှုများ ဗြိတိန်တွင် စတင်


ပါလီမန်ဖျက်သိမ်းဖို့ ဘုရင်မ အဲလိဇဗက်နဲ့ တွေ့ဆုံပြီး နောက် မေ ၇ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအ တွက် လှုပ်ရှားမှုတွေကို စတင်ပြီလို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ကြေညာပါတယ်။ဒေါင်နင်းလမ်း မှာရှိတဲ့ ၀န်ကြီးချုပ်နေအိမ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ လေဘာပါတီက အက်မီလီဘန်နဲ့ သူအကြား မဲပေးတဲ့သူတွေက ရှင်းရှင်းလင်းလင်း ရွေးချယ်ရတော့မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် သူ့အစိုးရရဲ့ စီးပွားရေး အောင်မြင်မှုတွေကို ပြောဆိုခဲ့သလို လေဘာ အစိုးရ ၁၃ နှစ်ကြာ တာဝန် ယူခဲ့ပြီး သူ့အစိုးရတက်လာတဲ့ ၂၀၁၀ မှာတော့ ဗြိတိန်အခြေအနေက ဆိုးဝါးနေတယ်လို့ ဆိုပါတယ်။

“စီးပွားရေး တိုးတက်စေတာနဲ့ မီလီဘန်ရဲ့ စီးပွားရေးဆုတ်ယုတ်စေတာတွေကို သင်တို့ ရွေးချယ်နိုင် ပါ တယ်” လို့သူက ပြောပါတယ်။

ကျင်းပမယ့် ရွေးကောက်ပွဲရလဒ်ဟာ ခန့်မှန်းရအခက်ခဲဆုံးဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။

ကင်မရွန်ရဲ့ ကောင်ဆာဗေးတစ်ပါတီက လေဘာပါတီကို အသာရတယ်ဆိုရုံပဲ ပြောလို့ရနေပါတယ်။

ပါလီမန် ဖျက်သိမ်းလိုက်တဲ့အတွက် ကင်မရွန်နဲ့ လေဘာဒီမိုကရက်တို့ရဲ့ ၅ နှစ်ကြာ မဟာမိတ်အစိုးရကို အဆုံးသတ်စေခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List