ထိုင်းနိုင်ငံ အာဏာသိမ်းစစ်အစိုးရက ဧပြီ ၁ရက်တွင် ဆယ်လအကြာပြဌာန်းထားသည့် စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်သော်လည်း နိုင်ငံ၏ ယာယီ ဖွဲ့စည်းပုံတွင် ပါဝင်သည့် လုံခြုံရေးဥပဒေအရ အာဏာကိုပိုခိုင် မာအောင် အစားထိုးပြဌာန်းအုပ်ချုပ်ရန် ကြေညာလိုက်သည်။
ရုပ်မြင်သံကြားကြေညာချက်တွင် အာဏာသိမ်းအစိုးရက လုံခြုံရေးဥပဒေ ပုဒ်မ ၄၄ကို အစားထိုးပြဌာန်း အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းဥပဒေဖြင့် လုံခြုံရေးတပ်ဖွဲ့များက တရားရုံးအမိန့်မရှိဘဲ လူများကို အစစ်အဆေးမရှိ ဖမ်းဆီးနိုင်ခွင့် ရှိနေသည်။
ထိုင်းနိုင်ငံ၏ အဓိကမဟာမိတ်အမေရိကန်နိုင်ငံက စစ်အုပ်ချုပ်ရေး ရုတ်သိမ်းခြင်းကိုကြို ဆိုကြောင်း ပြောသော် လည်း ပုဒ်မ ၄၄သည် လွတ်လပ်စွာပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်တို့ မလိုအပ် သည့် ပုဒ်မဖြစ်သဖြင့် စိုးရိမ်ကြောင်းပြောခဲ့သည်။
Mizzima - News in Burmese

No comments:
Post a Comment